Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ထဲတွင် တိုက်ပွဲဖြစ်နေ

ရမ်းဗြဲမြို့ထဲတွင် တိုက်ပွဲဖြစ်နေ

AB News-ဒီဇင်ဘာ ၁၈၊ ၂၀၂၃

ရက္ခိုင်ပြည် ရမ်းမြို့မြို့ထဲတွင် ယနေ့မနက် ၈ နာရီခွဲကစပြီး တိုက်ပွဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမှာ ရမ်းဗြဲမြို့ လောင်းချောင်းရပ်ကွက် တောင်ပေါ်တွင် ယနေ့ ဒီဇင်ဘာ ၁၈ရက်နေ့ မနက် ၈ နာရီခွဲခန့်က စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံခိုင်လုံသတင်းရင်းမြစ်က AB News သို့ပြောသည်။

“တိုက်ပွဲ ဖြစ်နေပါတယ်။ ဒီနေ့မနက် ၈ နာရီ မိနစ် ၂၀ ကျော် ၃၀ ဝန်းကျင်မှာ ဖြစ်တာပါ။ လောင်းချောင်းရပ်ကွက် အထက်တောင်ပေါ်က သေနတ်သံတွေ စထွက်လာတာပါ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်သံများကြားနေရပြီး၊ လောင်းချောင်းရပ်ကွက်ထဲ လက်နက်ကြီးကျည်များ ကျရောက်သဖြင့် သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း ကနဦးသိရသည်။

ဒဏ်ရာရရှိသည့် သက်ကြီးပိုင်းအမျိုးသမီး၏ အသေးစိတ်ကိုမူ မရရှိသေးပေ။

ထို့အပြင် မြို့ထဲ တိုက်ပွဲကြောင့် ရမ်းဗြဲမြို့ ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးနေကြပြီး၊ အချို့မှာ ပုံးခိုနေကြရကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲ နောက်ဆက်တွဲ သတင်းများကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ