Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ထဲတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဥ် မှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူနေအုတ်တိုက်တစ်ဆောင် လုံးဝ ပြိုကျပျက်စီး၊ လူထိခိုက်မှုမရှိဟုသိရ

AB News-ဒီဇင်ဘာ ၂၅၊ ၂၀၂၃

ရက္ခိုင်ပြည် ရမ်းဗြဲမြို့ထဲတွင် ယနေ့ ညနေ ၄ နာရီကျော်ခန့်က စစ်ကောင်စီအဖွဲ့မှ ရဟတ်ယာဥ်ဖြင့် ဗုံးကြဲချခဲ့သဖြင့် လူနေအုတ်တိုက်အိမ် ၁ အိမ် လုံးဝပြိုကျ ပျက်စီးသွားကြောင်း သိရသည်။

ပျက်စီးသွားသည့်နေအိမ်မှာ ရမ်းဗြဲမြို့ အမှတ် ၃ ရပ်ကွက်မှ ကိုသားသားချေ၏ နေအိမ်ဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့ထဲတွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လူနေရပ်ကွက်သို့ စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက အတည်ပြုပြောသည်။

“နှစ်ဖက်တိုက်ပွဲ ဖြစ်တာ မရှိပါဘူး။ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေးကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့တာပါ။ အိမ်ကို တစ်လုံးကျပြီး အိမ်က လုံးဝ ပြိုကျသွားပါတယ်” ဟုဆိုသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ချခဲ့သည့် ဗုံးများမှာ ရမ်းဗြဲမြို့ထဲရှိ ကိုယ်ရံတော်တောင်တွင် ၁ လုံး၊ ညောင်တောင်တွင် ၁ လုံးနှင့် ရမ်းဗြဲမြို့ အမှတ် ၃ ရပ်ကွက် ကိုသားသားချေ၏ နေအိမ်တွင် ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည် တောင်ပိုင်း ရမ်းဗြဲမြို့တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က စပြီး ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ