Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီဖက်မှ  စစ်ရဟတ်ယာဥ် ၃ မျိုးဖြင့် ကြိမ်ရေ ၂၀ ကျော်လာရောက် တိုက်ခိုက်

AB News – မတ်လ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ စစ်ရဟတ်ယာဥ် ၃ မျိုးဖြင့်အကြိမ်ရေ ၂၀ ကျော် လာရောက်  ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ မတ်လ ၁၀ ရက် ၃ နာရီ ၄၀ မိနစ်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီအခြေချတပ်စွဲထားသည့် သိမ်တောင်ကုန်းသို့ဝင်ရောက်တိုက်ခိုက်စဥ်အတွင်း စစ်ကောင်စီဖက်မှ ဂျက်ဖိုက်တာ၊ Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဥ် အပါအဝင် ဟတ်စကီးများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“AA က စခန်းတွေကို ဝင်တိုက်ပါတယ်။ အပြန်အလှန်ပစ်နေကြတယ်။ စကစ ဂျက်ဖိုက်တာ၊ ဟတ်စကီးတွေနဲ့ တရစပ်ပစ်ခတ်နေပါတယ်” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ စစ်တွေ၊ မကွေးဖက်များမှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဥ်များဖြင့် ရမ်းဗြဲမြို့အား အကြမ်ရေ ၂၀ ထက်မနည်း ဆက်တိုက်ပစ်ခတ်လျက်ရှိသည့်အတွက် အဆောင်များစွာပျက်းစီးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၂ ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ရမ်းဗြဲမြစ်ထဲတွင်ရှိသည့် စစ်ကောင်စီ၏နေဗီများကလည်း ရမ်းဗြဲ မြို့သို့ လက်နက်ကြီးများဖြင့် လှမ်းကူ ပစ်ခတ်နေကြောင်း သိရသည်။

ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ ကြည်း၊ရေ၊လေ ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် မြို့တစ်မြို့ပြီး ပြည်သူပိုင် အိုး အိမ် တိုက်တာများ ပျက်စီးဆုံးမှု ဒုတိယအများဆုံးမြို့လည်းဖြစ်သည်ကို တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ