Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးအပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ

AB News – ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက် အစောပိုင်းအချိန်မှ ယခု ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၂ နာရီ အချိန်ထိ လေကြောင်းအသုံးပြုကာ အပြင်းအထန် တရစပ် ဗုံးကြဲတိုက်ခိုက်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၁နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ သိမ်တောင်ဘုရားကုန်းနှင့် ကိုယ်ရံတော်တောင် အနီးဝန်းကျင်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ နေရာများနှင့် မြို့ထဲရှိ လူနေရပ်ကွက်များကို တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များနှင့် Y12 စစ်ထောက်ပို့ယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြို့ခံ ၁ဦးက ပြောသည်။

မြို့ထဲမှာ ရပ်ကွက်တွေ မီးလောင်နေတယ်။ မနက်ကတည်းက ဗုံးကြဲတိုက်ခိုက်နေတာ။ အခုလည်း ဂျက်ဖိုက်တာ ၂ စီး ဗုံးကြဲနေတယ်။ ဟတ်စကီး ၁စီးလည်း မြို့ထဲကို ပတ်ပြီး စက်သေနတ်နဲ့ ပစ်ခတ်နေတယ်။ မနက် ၈နာရီလောက်ကဆိုရင် ဒရုန်းနဲ့ ကင်းထောက်ခဲ့တယ်။ ပြီးတော့ Y12 တစ်စီး ဗုံးလာကြဲသွားတယ် ဟု ဆိုသည်။

ရမ်းဗြဲမြို့၊ ကျက်သရေရပ်ကွက်မှ လူနေအိမ် ၂၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး အခြားရပ်ကွက်များတွင်လည်း နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်နေ့၌ ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းနှင့် ကိုယ်ရံတော်တောင် အနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့ ကို နေစဉ်ရက်ဆက် တရစပ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီက ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က Jet Fighter ၁စီး၊ Y12 ၂စီးနှင့် ဟတ်စကီး ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၀ တန်းကျောင်းသား ၁ဦးသေဆုံးခဲ့ပြီး ၂ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း မီးလောင်ပြာကျခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ကျော် ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရမ်းဗြဲမြို့အား စစ်ကောင်စီသည် ခန့်မှန်း ပေါင် ၅၀၀ ကျော်ရှိသည့် ဖျက်အားပြင်း ဗုံးကြီးများဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ-CJ ပေးပို့

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ