Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေ

AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

ရမ်းဗြဲမြို့ကို စစ်ကောင်စီက ယနေ့ ​​ဖေဖော်ဝါရီလ ၁၄ရက်နေ့၊ နံနက် ၁၁နာရီ ၃၅မိနစ်အချိန်မှ စ၍ ယခု နေ့ခင်း ၂ နာရီခွဲအချိန်ထိ Y12 စစ်ထောက်ပို့ရေးလေယာဥ်များကို အသုံးပြုကာ လေကြောင်းမှ ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကင်းတဲ ရပ်ကွက်နှင့် လောင်းချောင်းရပ်ကွက်တို့မှ နေအိမ် ၁ဝအိမ်ထက်မနည်း မီးလောင်နေကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်ထက်မနည်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း ၃၇ ကြိမ်တိုင်လာရောက်၍ အကြိမ်ပေါင်း ၁၀၀ ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း ယမန်နေ့က လက်နက်ကြီးအရေအတွက် ၇၆ ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် နံနက် ၁၀ နာရီကျော်မှစတင်ပြီး ညနေ ၃ နာရီခွဲကျော်ထိ ရာချီနီးပါးသော လက်နက်ကြီး အကြိမ်အရေအတွက်အား တောက်လျှောက်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကြောင့်  ရမ်းဗြဲမြို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီအနီးပတ်ဝန်းကျင်‌နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သကဲ့သို့ ရမ်းဗြဲမြို့ပေါ် ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရကြောင် ဒေသခံများပြောပြချက်အရ သိရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ