Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က တိုက်ခိုက်ရေး ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်နေ

AB News-ဒီဇင်ဘာ ၁၈၊ ၂၀၂၃

ရမ်းဗြဲတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က တိုက်ခိုက်ရေး ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်နေ

ယခု ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲက စတင်ပြီး စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုကာ ရမ်းဗြဲမြို့ထဲသို့ ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့မနက် ၈ နာရီ ၃၀ မိနစ်က စပြီး ရမ်းဗြဲမြို့ထဲတွင် နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ကြည်း ရေ လေ သုံးပြီး တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ