Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် ဒေသခံ စစ်ဘေးရှောင်  ၁၇၀၀၀ ကျော် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်နေ

ရမ်းဗြဲတွင် ဒေသခံ စစ်ဘေးရှောင်  ၁၇၀၀၀ ကျော် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်နေ

AB News – ဇန်နဝါရီ ၆ ၊ ၂၀၂၄

ရက္ခိုင်ပြည် တကျော့ပြန်ကာလတိုင်ပွဲအတွင်း ရမ်းဗြဲမြိုအပါအဝင် အနီးအနားရှိရွာများမှ စစ်ဘေးရှောင် ဒေသခံ ၁၇၀၀၀ ကျော် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီး လစဥ်သုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း AB News က စုံးစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရမ်းဗြဲမြို၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စကစဖက်မှ ဂျက်တိုက်လေယာဥ်အပါအဝင် လက်နက်ကြီးများဖြင့် မြိုထဲသို လှမ်းပစ်ခဲ့သည်။

မြိုတွင်းရှိပြည်သူနေအိမ်အချိုပျက်စီးခဲ့ပြီး သာသနာ့အဆောက်အဦးအချိုပျက်စီးသွားခဲ့ကာ ဆက်သွယ် ရေးတာဝါတိုင်လည်း လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့သည်။

မြိုခံပြည်သူများနှင့် အနီးပတ်ဝန်းကျင်မှပြည်သူများသည် တိုက်ပွဲအရှိန်ကြောင့် ဘေးလွတ်ရာနေရာများသို အသက်လုထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

တိုက်ပွဲဖြစ်ပွားခဲ့စဥ်အတွင်း ပြည်သူများ အလုအယက်ထွက်ပြေးခဲ့ရသည့်အတွက်ကြောင့် စားနပ်ရိက္ခာများ နှင့် ဆေးဝါးများ မေ့ကျန်ခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သိုပြောသည်။

“တိုက်ပွဲဖြစ်လာလိမ့်မယ်လိုမသိပါဘူး၊ တဖြည်းဖြည်းနဲ့လက်နက်သံတွေကြားလာရတယ်၊ လေယာဥ်ကလည်းဗုံးကြဲလာတော့ အသက်လု ထွက်ပြေးခဲ့ရတယ်၊ အိမ်မှာရှိတဲ့ ပစ္စည်းတွေတောင် ယူဖိုအချိန်မရခဲ့ဘူး၊ အခု အသက်တစ်ခုရှင်ယုံပဲရှိတာ ဘာမှပါမလာဘူး” ဟု ဆိုသည်။

လက်ရှိ ရမ်းဗြဲတွင် စစ်ဘေးရှောင် စုစုပေါင်း ၁၇၀၀၀ ကျော်ခန့်ရှိပြီး ၎င်းထဲမှ စစ်ဘေးရှောင် ၂၀၀၀ ခန့်မှာ ဘာသာရေးအဆောက်အဦးများထဲတွင်နေထိုင်လျက်ရှိပြီး ၁၅၀၀၀ ခန့်မှာ ၎င်းတို၏ဆွေမျိုးအိမ်များတွင် ကပ်ခိုနေထိုင်လျက်ရှိကြောင်း ရမ်းဗြဲမှ စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲကလည်း လမ်းပန်းဆက်သွယ်ရေးများ ကိုပိတ်ဆိုထားသည့်အတွက် ရက္ခိုင်ပြည်သို ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျှက်ရှိပြီး ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်တွေ့နေရကြောင်း သိရသည်။

ထိုအပြင် ကျေးလက်ဒေသရှိဆေးဆိုင်ခန်းများမှာလည်း ဆေးဝါးများပြတ်တောက်နေသည့်အတွက် အပူကျဆေးကိုပင်ဝယ်ယူ၍မရရှိနိုင်တော့ပေ။

ရမ်းဗြဲတိုက်ပွဲအတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများမှာ လစဥ်သုံးပစ္စည်းများလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ