Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် စစ်ကောင်စီက စစ်ရဟတ်ယာဥ် ၄ စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ အိမ် ၃ လုံးမီးလောင်

ရမ်းဗြဲတွင် စစ်ကောင်စီက စစ်ရဟတ်ယာဥ် ၄ စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ အိမ် ၃ လုံးမီးလောင်

AB News – ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဟတ်စကီး ၂ စီး၊ Y 12 ဗုံးကြဲလေယာဥ်တစ်စီးအပါအဝင် Jet Fighter ၁ စီးတို့ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၀ တန်းကျောင်းသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ အိမ် ၃ လုံး မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ် ကျက်သရေရွာမှ အဖဦးဝင်းနုအောင်၏သား ဆယ်တန်းကျောင်းသား ဖြစ်ပြီး ဒဏ်ရာပြင်းထန်ရရှိသူများမှာ ၎င်း၏ဖခင်ဦးဝင်းနုအောင်နှင့် ကိုဆန်းဌေးဖြစ်ကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ယနေ့ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း ၇ နာရီကျော်တွင် ကျက်သရေရွာအနီးရှိတောင်ကုန်းသို့ စစ်ကူဆင်းချိန်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်ဝင်တိုက်ရာမှ လေယာဥ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် အနီးအနားရှိရွာတောက်လျှောက်ကို ဗုံးကြဲတိုက်ခိုက် သွားခဲ့ကြောင်း ရွာခံသားတစ်ဦးက AB News သို့ ပြောသည်။

“ကျနော်တို့ရွာအနီးမှာ စကစကုန်းတွေရှိပါတယ်၊၊ စကစတွေက ဟတ်စကီး၊ လေယာဥ်တွေနဲ့ရိက္ခာလာပို့တယ်၊ စစ်ကူလာချတာပေါ့။ ရွာအနီးကိုဆင်းလာတော့ AA က လှမ်းပစ်တယ်၊၊ ဂျက်ဖိုက်တာနဲ့လည်းဗုံးကြဲတယ်၊၊ လေယာဥ်တွေကလည်း ဗုံးကြဲချသွားတယ်” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲမြို့နှင့်တမိုင်ကျော်အကွာအဝေးခန့်ရှိသည့် အနီးအနားရှိ ကျက်သရေရွာ၊အောင်စေသာရွာ နှင့် သင်္ဘောဆိပ်ရွာတို့ပတ်ပတ်လည်အား ဗုံးကြဲချခဲ့ကြောင်း သိရသည်။

ဂျက်တိုက်လေယာဥ်များမှ ဗုံးကြဲချမှုကြောင့် ကျက်သရေရွာမှ ဒေါ်ယောင်းစိန်၏ နေအိမ် ၁ လုံး၊ ဦးကျော်ကျော်လွင်၏ နေအိမ် ၁ လုံးအပါအဝင်အခြားနေအိမ် ၁ လုံးပြာကျခဲ့ရပြီး နွားတစ်ကောင်လည်းသေဆုံးသွားခဲ့ရကြောင်း ဒေသခံများထံမှတစ်ဆင့်သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲနှင့်မသက်ဆိုင်သော ပြည်သူများကို ဦးတည်တိုက်ခိုက်လာသည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရလျက်ရှိသည်။

လက်ရှိအချိန်အထိ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် ၂ ဖက်တိုက်ပွဲ မရပ်တမ်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စကစ ဘက်မှ လေယာဥ် ၈ စီးထက်မနည်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ-ရမ်းဗြဲမြို့ အမှတ် ၄ ကင်းတဲရပ်ကွက်တွင် စစ်ကောင်စီပစ် ကျည်ထိ၍ မီးလောင်ခဲ့စဥ်

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ