Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး အရပ်သား ၁ဦးသေ၊ ဦး၂ ဒဏ်ရာပြင်းထန်စွာရရှိ

AB News – မတ်လ ၁၃၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ မတ်လ ၁၂ရက်၊ ညဥ့် ၁၁နာရီခန့်အချိန်တွင် အရပ်သား ၁ဦးသေ၊၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင့် ဒေသခံများက အတည်ပြုပြောဆိုသည်။

သေဆုံးခဲ့သူမှာ ရမ်းဗြဲမြို့နယ်၊ ကန်ဒိုင်းတိုက်နယ်၊ တဖက်ရွာမှ ဦးမောင်ခင်နု ၆၁နှစ် ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူများမှာ မမေအောင် ၃၇နှစ်နှင့် တဖက်ရွာတွင် စစ်ရှောင်နေသည့် ရမ်းဗြဲမြို့၊ အမှတ် ၁ရပ်ကွက်မှ ဒေါ်စောတင် ၆၅နှစ်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ နေအိမ် ၄ဆောင်ထက်မနည်း ပျက်စီးခဲ့ရပြီး နွား ၁ကောင် သေဆုံးခဲ့ရသည်။

ယမန်နေ့ မတ်လ ၁၂ရက်၊ ညဥ့် ၁၁နာရီခန့်အချိန်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့နယ်မှ  အရပ်သား ၁ဦးသေ၊ ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“မနေ့က ညဥ့်အချိန်မှာ လက််နက်ကြီးပစ်ခတ်သံတွေ တရစပ်ကြားရတယ်။ တဖက်ရွာ၊ ထန်းပြိန်ရွာနဲ့ ထိန်တွေရွာအနီး လက်နက်ကြီးကျရောက်​ပေါက်ကွဲတာတွေ ရှိတယ်။ တဖက်ရွာက ရွာသားတွေ ထိခိုက်သေဆုံးခဲ့တယ်” ဟု ဆိုသည်။

မာန်အောင်မြို့နယ်၊ ခအုံးမော်-ကွမ်းသီးချောင်းဝနှင့် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ ကျောက်ဦးမော် အကြားရှိကျောက်ချရပ်နားခါးသည့် စစ်ကောင်စီစစ်သင်္ဘောက တဖက်ရွာသို့ လက်နက်ကြီး ၄ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများမှ တဆင့် သိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်၊ နေ့လယ် (၁) နာရီ (၁၅) မိနစ်အချိန်တွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိ နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို တစ်ယောက်မကျန်ရှင်းလင်းနိုင်ခဲ့သောကြောင့် ရမ်းဗြဲမြို့ သည် ရက္ခိုင့်တပ်တော်မှ လုံးဝအပြီးသတ်သိမ်းယူလိုက်သည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရမ်းဗြဲမြို့အတွင်း သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ရမ်းဗြဲမြိုဒေသခံများအနေဖြင့် မိမိနေအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ကြရန် ရက္ခိုင့်တပ်တော်က မေတ္တာရပ်ခံပန်ကြားခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ