Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဖျက်အားပြင်း ဗုံးများအသုံးပြုတိုက်ခိုက်

AB News-ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လျက်ရှိသည့် ရမ်းဗြဲတွင် စစ်ကောင်စီက ဖျက်အားပြင်း လက်နက်ကြီးများအသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၅) မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သိုသော ဗုံးများဖြင့် လာရောက်ကြဲချခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်သည်။

ယနေ့ကြဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသောဗုံးနှင့် မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိ တက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ