Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်နေ

ရမ်းဗြဲကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်နေ

AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်၊ နံနက် ၁၁နာရီကျော်အချိန်မှ စ၍ ယခုအချိန်ထိ လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်နေကြောင်း AB News မွ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်၊ နံနက် ၁၁နာရီကျော်အချိန်မှ စ၍ စစ်ကောင်စီအဖွဲ့က လေကြောင်း၊ ရေကြောင်း အသုံးပြုကာ ရမ်းဗြဲမြို့ကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု မြို့ခံ ၁ဦးက ပြောဆိုသည်။

“ဒီနေ့ မနက် ၁၁ နာရီကျော်အချိန်က စပြီးတော့ စစ်ကောင်စီအဖွဲ့ဟာ Jet Fighterတွေ၊ Mi-35 စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်။ ရမ်းဗြဲမြို့နဲ့ မာန်အောင်မြို့ကြားမှာ ရွိတဲ့ စစ်ငေ်္ဘာ ၄စီးက အဆက်မပြတ် ပစ်ခတ်နေတယ်။ အခုတော့ ရမ်းဗြဲမြို့က ရပ်တွေမှာ မီးလောင်နေတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို တိုက်ခိုက်ရေး စစ်သငေ်္ဘာများဖြင့် ပစ်ခတ်တိုက်နေသည့်အပြင် Jet Fighter၊ Mi-35 စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်နေသောကြောင့် ရမ်းမြဲမြို့ရှိ လောင်းချောင်း၊ အမှတ် ၅ ရပ်ကွက်မှ နေအိမ်အချို့ မီးလောင်နေကြောင်း သိရသည်။

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို အတိအက် မသိရသေးကြောင်း ၎င်းရမ်းဗြဲမြို့ခံက ဆက်ပြောသည်။

“တိုက္ပြဲက ခေါင်းမဖော်နိုင်အောင်ကို ဖြစ်နေတာပါ။ မြို့ထဲက လူတွေကတော့ အကုန္လုံးနီးပါး ဘေးလွတ်ထွက်ပြေးနေကြပါတယ်။ ဘာတွေ ဘယ်လောက်ပျက်သွားလဲဆိုတာ အတိအက်မသိရေသးပါဘူး။ မီးလောင်နေတာတော့ လှမ်းမြင်နေရပါတယ်” ဟု ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ရမ်းဗြဲမြို့ကို စစ်ကောင်စီအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

ထို့အပြင် မောင်တော့မြို့နယ် ကြိမ်ချောင်းရွာတွင်ရှိသည့် စစ်ကောင်စီတပ်မကိုလည်း ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ တပ်ဆုတ် ထွက်ပြေးခဲ့ရသည့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသည်ကိုတွေ့ရပြီး ဝေဟင်မှ စစ်လေယာဥ်များဖြင့် လမ်းတံတားများကို ဖျက်ဆီးလိုက်ည်ကို တွေ့ရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ