Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန် – စစ်တွေအဝေးပြေးလမ်းတွင် ပိတ်မိနေသည့် ကုန်ကားမောင်းသူများနှင့် ယာဉ်အကူများအား အဖွဲ့အစည်းအချို့မှ ကူညီမှုများ လုပ်ဆောင်ခဲ့

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ရန်ကုန် – စစ်တွေအဝေးပြေးလမ်းမပေါ်တွင် ပိတ်မိနေသည့် ကုန်ကားမောင်းသူများနှင့် ယာဉ်အကူများအား ပုဏ္ဏားကျွန်းမှ လူမှုအဖွဲ့အစည်းအချို့မှ ကူညီမှုများလုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

ကားသမားများမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့မှစကာ စစ်တွေ-ပုဏ္ဏားကျွန်းကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုမျာဖြစ်ကာ စစ်ကောင်စီတပ်မှ အဝေးပြေးကားလမ်းမကို ဂိတ်ချ ပိတ်ထားခြင်းကြောင်း ယနေ့အချိန်ထိ ရက်ပေါင်း ၂၁ ရက်ကြာ ပိတ်မိနေကြခြင်းဖြစ်သည်။

ပြည် တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသော အလှူငွေများဖြင့် ဆန်၊ ဆီ ၊ဆား၊ ဟင်းချိုမှုန့်၊ ပဲ၊ ငရုပ်သီးစိမ်း၊ ကြာဆံ၊ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို ပုဏ္ဏားကျွန်းမြို့မှ PDYO, MYG,PSYK,PYA လူမှုရေးအသင်းများမှ ပိတ်မိနေ့သည့် ကားသများအား တစ်ဆင့်သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ကားသမားများမှာ ကားလမ်းပိတ်ခံထားရပြီးကတည်း ကားများကို ရပ်တန့်ထားရပြီး သူတို့တွင်ပါလာသည့် ငွေများဖြင့် စားသောက်နေခဲ့ကြသော်လည်း ရက်ကြာလာသည်နှင့်အမျှ ရိက္ခာပြတ်တောက်မှုများ ဖြစ်ကာ ဒုက္ခရောက်နေကြရကြောင်း PDYO အသင်းအတွင်းရေးမှူး ကိုမောင်မောင်သန်းက ပြောသည်။

“လမ်းပိတ်သွားခဲ့ကတည်းက ပါလာတဲ့ငွေတွေနဲ့ ဝယ်စားကြတယ်၊ ကုန်သွားတော့ အိမ်ကမှာပြီးသုံးရတာတွေရှိတယ်၊ တချို့ဆို ဒေသခံတွေဆီက ချေးငှားပြီးသုံးနေရတယ်” ဟု ABNကို ပြောသည်။

ထို့အပြင် ယာဉ်သမားများမှာ ဝယ်ယူစားသောက်ရန် ကုန်စျေးနှုန်းကြီးလွန်းသောကြောင့် မိမိတို့ဘာသာ ချက်ပြုတ်စားသောက်နေကြရကြောင်း သိရသည်။

ရန်ကုန် – စစ်တွေကားလမ်းမတွင် ပိတ်မိနေသော ကုန်ကားအရေအတွက်မှာ ၆၀ ကျော်၊ လူဦးရေ ၁၂၀ ခန့်တို့သည် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့အကြား ယာယီအပစ်အခတ်ရပ်စဲလိုက်သည့်တိုင် ကုန်းလမ်းများကို မဖွင့်ပေးသေးသဖြင့် အခက်အခဲများစွာ ကြုံလျက်ရှိနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ