Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်ရောက် ရက္ခိုင်များ ပြည်တွင်းခရီးသွားလာခွင့် အပိတ်ခံရ

ရန်ကုန်ရောက် ရက္ခိုင်များ ပြည်တွင်းခရီးသွားလာခွင့် အပိတ်ခံရ

AB News – မတ်လ ၁၉၊ ၂၀၂၄

ရန်ကုန်တိုင်းတွင် မှတ်ပုံတင်အမှတ် ၁၁ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသည့် ရက္ခိုင်လူမျိုးများကို စစ်ကောင်စီအဖွဲ့က ပြည်တွင်းခရီးသွားလာခွင့် ပိတ်ထားကြောင်း
အောင်မင်္ဂလာအဝေးပြေးကားဂိတ်တွင် အလုပ်လုပ်ကိုင်နေသူ ၁ဦးထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က အဝေးပြေးယာဉ်လိုင်များကို အကြောင်းကြားစာ ပိုဆောင်ခဲ့ကြောင်း ရန်ကုန်အဝေးပြေးကားဂိတ်၌ အလုပ်သမား ၁ဦးက ပြောသည်။

” ၁၁မျဉ်းစောင်းကိုင်ဆောင်ထားတဲ့ ရက္ခိုင်တွေကို ခရီးသွားလာခွင့် မပြုတဲ့ စာတွေကို ဖြန့်ဝေခဲ့တယ်။ အခြား တိုင်းရင်းသားတွေတော့ ပါတာ မတွေ့ရဘူး” ဆိုသည်။

အခြားတိုင်းရင်းသားများဆိုပါက သူတို့နေထိုင်သည့် ရပ်ကွက်၊ ရဲစခန်း၊ အလုပ်နှင့်သက်ဆိုင်သည့် ထောက်ခံစာတစ်ခုခုပါရှိပါက လက်မှတ်ရောင်းချရန် ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီက ရန်ကုန်ရောက် ရက္ခိုင်များကို ပြည်တွင်း ခရီးသွားလာခွင့် ပိတ်ဆို့လိုက်သည့်အတွက် လွန်စွာစိုးရိမ်နေကြောင်း ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် ရက္ခိုင်အမျိုးသမီး ၁ဦးက ပြောသည်။

“ဒီမှာ နေရတာ လုံခြုံတယ်လို့ မခံစားရဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျမတို့က အိမ်ပြန်ချင်တယ်။ အခုက အလုပ်အကိုင်တွေကလည်း အဆင်မပြေဘူး။ ဒီမှာနေရင် သူတို့ဖမ်းဆီးမှာကို နေ့တိုင်း တွေးကြောက်နေရတယ်” ဟု ဆိုသည်။

ရက္ခိုင်လူမျိုးများအား ခရီးသွားခွင့်ပိတ်လိုက်ခြင်းသည် နိုင်ငံသားတစ်ယောက်၏ လွတ်လပ်ခွင့်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်ရောက် နောက်ထပ် ရက္ခိုင်အမျိုးသား ၁ဦးက ပြောသည်။

“ဒါဟာ လွတ်လပ်စွာ သွားလာခွင့်ကို ဖျက်ဆီးလိုက်တာဖြစ်တယ်။ ကျနော်တို့က တရားဝင်နိုင်ငံသားဖြစ်တယ်။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံအတွင်း တရားဝင်သွားလာခွင့် ပြုရမယ်” ဟု ဆိုသည်။

ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို ယနေ့ မတ်လ ၈ရက်၊ နံနက် ၆နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်၌ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရက္ခိုင်သို့ ထွက်လာသည့် ကား ၃ စီးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်ခိုင်းပြီး စီးနင်းလိုက်ပါလာသည့် ရက္ခိုင်လူငယ် ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ကာ လှိုင်သာယာမြို့နယ်၊ တပ်မ ၅၌ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆က်နေ့တွင်လည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရပ်ကွက်ရှိ အမျိုးသမီးအဆောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ ရခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးသွားပြီး အရပ်ပေ စံချိန်မမီသည့် အမျိုးသမီး တစ်ဦးကို ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့သည်။

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ဖက်နဲ့ မသက်ဆိုင်သည့် အရပ်သားများအား လူမျိုးရေး ဦးတည် တိုက်ခိုက်လာခြင်းဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပဋိဉာဏ်အား ချိုးဖောက်နေခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ-Credit to wner
Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ