ABN-ထက်မြတ်ခင်
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းကျေးရွာအနီးတွင် ယနေ့ ညနေ့ ၂နာရီ ၄၀မိနစ်ခန့်က ရန်ကုန်မှ ရခိုင်သို့ လာသည့် ခရီးသည်တင်ယာဥ် ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂ဦးဒဏ်ရသွားကြောင်းသိရသည်။
တိမ်းမှောက်သွားသည့် ခရီးသည်ကားမှာ ရန်ကုန်မှစစ်တွေသို့ ပြေးဆွဲနေသည့် ကြံတိုင်အောင် ကားဖြစ်ပြီး ရန်ကုန်မှ အပြန်လမ်းတွင် တေဗာကားကို ရှောင်ရာတွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
“ကားကတော့ ကြံတိုင်းအောင်ကားပါ ရန်ကုန်လာပါ။ ကွမ်းတောင်းတွေပါတယ်။ အဲဒီကားရှေ့က တေဗာကားဖြတ်လာတော့ ရှောင်တဲ့အခါမှာဖြစ်သွားတာပါ” ဟုပြောသည်။
ဒဏ်ရာရသွားသည့် ခရီးသည်များမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ABNမှစုံစမ်းနေဆဲဖြစ်သည်။



