Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်မှ ရက္ခိုင်သို့ ခြေကျင်လျှောက်လာသည့်  ရက္ခိုင်အမျိုးသား ၃ ဦး သံတွဲမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံရ

ရန်ကုန်မှ ရက္ခိုင်သို့ ခြေကျင်လျှောက်လာသည့်  ရက္ခိုင်အမျိုးသား ၃ ဦး သံတွဲမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံရ

AB News – မတ်လ ၂၈၊ ၂၀၂၄

စစ်ကောင်စီက လမ်းပိတ်ထား၍ ရန်ကုန်မှ ရက္ခိုင်သို့ ခြေကျင်လျှောက်လာသည့်  ရက္ခိုင်အမျိုးသားလူငယ် ၃ ဦးသည် သံတွဲမြို့အဝင် မောင်းတံဂိတ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ရမ်းဗြဲမြို့နယ် ကုလားပုန်းအုပ်စု မြို့ချွိန်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် ကိုကိုထွေး၊ အသက် ၃၁နှစ်အရွယ် ကျော်လင်း နှင့် အသက် ၂၈နှစ်အရွယ် ကျော်စိုးအောင်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ရန်ကုန်တွင် အလုပ်အဆင်မပြေ၍ ရက္ခိုင်သို့ ခြေကျင်လျှောက်လာရာ ယမန်နေ့ မတ်လ ၂၇ ရက် ၂နာရီ ၃ဝ မိနစ်တွင် သံတွဲမြို့အဝင် မောင်းတံဂိတ်အရောက်၌ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“သူတို့ ၃ ယောက်က ရန်ကုန်မှာ အလုပ်အကိုင်တွေအဆင်မပြေလို့ ရက္ခိုင်ကို ခြေကျင်လျှောက်ပြီးလာကြတယ်၊ သံတွဲကိုအရောက်မှာပေါ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပါတယ်” ဟု ဆိုသည်။

၎င်းတို့ ၃ ဦးသည် ရန်ကုန်မှ ရက္ခိုင်သို့ ခရီးကြာမြင့်စွာ လမ်းလျှောက်လာခဲ့ရသူများဖြစ်ကြောင်း သိရသည်။

သားဖြစ်သူများနှင့် အဆက်အသွယ်မရရှိသ​ဖြင့် ၎င်းတို့၏ မိသားစုဝင်များမှာ စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၄၀ မိနစ်တွင် သုံးဘီးကားဖြင့် မြို့ထဲဖက်မှ ရေချမ်းပြင်သို့ စစ်ဘေးရှောင်ရန်သွားသည့် ကလးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးကို စစ်​ကာင်စီက ဖမ်းဆီးသွားခဲ့သည်။

အလားတူ မတ်လ  ၈ရက်၊ နံနက် ၆နာရီခွဲအချိန်တွင် ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို မင်္ဂလာဒုံလေဆိပ်၌ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့သွားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်၌ မှတ်ပုံတင်အမှတ် ၁၁ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသည့် ရက္ခိုင်လူမျိုးများကို စစ်ကောင်စီအဖွဲ့က ပြည်တွင်းခရီးသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ