Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင် တိုက်ပွဲအတွင်း တစ်ပတ်ကြာ ပိတ်ထားသည့် မြောက်ဦး က​မ္ဘောဇဘဏ် အကန့်အသတ်ဖြင့် ပြန်ဖွင့်

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်တွင် တိုက်ပွဲ စဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပိတ်ထားသည့် မြောက်ဦးမြို့ရှိ က​မ္ဘောဇဘဏ် ယနေ့မနက်က အကန့်အသတ်ဖြင့် ပြန်ဖွင့်ကြောင်း ဒေသခံတစ်ဦးက AB News သို့ သတင်းပေးပို့လာခဲ့သည်။

ထိုဘဏ်သည် ယနေ့မနက် ၉ နာရီမှ ပြန်ဖွင့်ကာ ပြည်သူများစွာလည်း လာရောက် ငွေထုတ်ယူနေကြောင်း တွေ့ရသည်။

” ဘဏ် ဒီနေ့ဖွင့်ပါတယ်၊ လူတွေလည်းအများကြီးရောက်နေတယ်၊ ဘယ်နေ့ပြန်ပိတ်မှာလဲကိုတော့ မသိသေး” ဟု ဆိုသည်။

ရက္ခိုင်တွင် စစ်ပွဲစတင်သည့်နေ့မှ KBZ ဘဏ်အပါအဝင် တစ်ချို့ Wave Money ဆိုင်များလည်း ငွေထုတ်ယူမှုရပ်ဆိုင်းသွားခဲ့သည်။

ထို့အပြင် ရခိုင်ရှိ စစ်ဘေးရှောင်များကို NGO အဖွဲ့အစည်းများအနေဖြင့်လည်း သွားရောက်ကူညီခွင့်များ ပိတ်ပင်ခံထားသည်ဟု သိရှိရသည်။

မြောက်ဦးတွင် စက်သုံးဆီတစ်လီတာကို ၅၀၀၀ ကျပ်အထိရှိနေပြီး ခရီးသွားပြည်သူများ အခက်တွေ့နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထို့အပြင် ဖုန်းဘေများဝယ်ယူ၍မရခြင်းနှင့် စျေးကြီးနေခြင်းများဘဖြစ်ပေါ်လျက်ရှိနေကြောင်း AB News က စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။