Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်အမျိုးသားရေးလိုအပ်ချက်အရ ပါတီကို မှတ်ပုံတင်၍ သက်တမ်းတိုးရခြင်းဖြစ်ကြောင်း ANP ဥက္ကဌပြော

ရခိုင်အမျိုးသားရေးလိုအပ်ချက်အရ ပါတီကို မှတ်ပုံတင်၍ သက်တမ်းတိုးရခြင်းဖြစ်ကြောင်း ANP ဥက္ကဌပြော

ABN – ကိုဟိန်းထွန်း

ရခိုင်အမျိုးသားရေးနှင့် ရခိုင့်နိုင်ငံရေး ရှင်သန်ရပ်တည်ရေးအတွက် ပါတီကို မှတ်ပုံတင် သက်တမ်းတိုးရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ကပြောသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်လူမျိုးများ နှင့် နိုင်ငံရေးအတွက် ထူထောင်ထားသည့် ပါတီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နေရာအများအပြားတွင် အမျိုးသားရေး ၊ နိုင်ငံရေးများတွင် အားနည်းနေသည့် မြို့နယ် ဒေသများတွင် အားကောင်းလာမှုရှိအောင် လုပ်ဆောင်ဖို့လိုအပ်နေသည်ဟု ANP ဥက္ကဌ ဦးသာထွန်းလှက ABN ကိုပြောသည်။

” ကျနော်တို့မှတ်ပုံတင်တာကတော့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်အမျိုးသား နိုင်ငံရေးအတွက်ထူထောင်ထားတဲ့ပါတီဖြစ်တယ်၊

အဲဒါကြောင့် ရခိုင်ပြည်နယ်မှာလည်းတစ်ချို့ဒေသ တစ်ချို့မြို့နယ်များဟာ အမျိုးသားရေး နိုင်ငံရေးတွေမှာအားနည်းနေတယ်၊ အမျိုးသားနိုင်ငံရေးစတင်ပြီးတော့ အခြေစတည်တဲ့မြို့နယ်တွေလည်းရှိနေတယ်၊ ဒါကြောင့် အခုလိုအားနည်းနေတဲ့ မြို့နယ် ဒေသတွေမှာ အားကောင်းမှုရှိလာအောင်လုပ်ဆောင်ဖို့လုပ်အပ်တယ်လို့ယုံကြည်တယ်” ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် တစ်ချို့မြို့နယ် ဒေသများမှာ အမျိုးသားရေး နိုင်ငံရေး အားကောင်းသည့်မြို့နယ်များရှိနေပြီး ၎င်းမြို့နယ်များသည် အားကောင်းမှုများကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်သေးသည်ဟု ယူဆကြောင်း၊ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် နိုင်ငံရေးအရ ​ပြောဆိုဆွေးနွေးမှုများ လုပ်ရန်လိုအပ်သည်ဟု ယူဆကြောင်း နှင့် နိုင်ငံရေးအရ ပြောခွင့်ဆိုခွင့်များရှိနေဖို့လည်းလိုအပ်ကြောင်း ABN ကိုပြောသည်။

ရခိုင်ပြည်တွင် ရှိသည့် ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုဝင်လူမျိုးများနှင့် အနာဂတ်ရခိုင်ပြည်နယ်အတွက် နိုင်ငံရေးအရ ဆွေးနွေး၊ တိုင်ပင်၊ ဆက်စပ်ဆောင်ရွက်မှုများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ရှိသည့် ညီနောင်တိုင်းရင်းသားအင်အားစုများ နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်စပ်ဆောင်ရွက် ဆေးနွေးတိုင်ပင်မူများကိုလည်း လုပ်ဆောင်ရမည်ကိုလည်းသုံးသပ်မိကြောင်း နှင့် ယင်းကဲ့လုပ်ဆောင်နိုင်ဖို့အတွက် ရခိုင်လူမျိုးကို ကိုယ်စားပြုသည့်ပါတီတစ်ခုအနေဖြင့် ရပ်တည်ဆောင်ရွက်လိုကြောင်း ၎င်းကဆက်၍ပြောသည်။

“ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာရှိတဲ့ညီနောင်တိုင်းရင်းသားအင်အားစုတွေနဲ့စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်စပ်ဆောင်ရွက်မှုတွေ၊ ဆေးနွေးတိုင်ပင်တာတွေကိုလည်း လုပ်ဆောင်ရမယ်လို့ သုံးသပ်မိတယ်၊ အဲ့ဒီလိုလုပ်ဖို့အတွက်လည်း ရခိုင်လူမျိုးကို ကိုယ်စားပြုတဲ့ပါတီတစ်ခုအနေနဲ့ ရပ်တည်ဆောင်ရွက်ဖို့လိုအပ်တယ်” ဟု ဆိုသည်။

ယခင်က မှတ်ပုံတင်ထားသည့်ဥပဒေအရဆိုလျှင် ရခိုင်အမျိုးပါတီသည် ပြည်ထောင်စုတစ်ဝှမ်းလုံးကိုစည်းရုံးဖို့အတွက် မှတ်ပုံတင်ခဲ့သည့်ပါတီဖြစ်ပြီး လက်ရှိဥပဒေအရ ပြည်ထောင်စုတစ်ရပ်လုံးကို စည်းရုံး၊ မှတ်ပုံတင်ဖို့အတွက် အကျပ်အတည်းအခက်အခဲဖြစ်သွားသော်လည်း အမျိုးသား နိုင်ငံရေးအတွက် ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်ကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ်အခြေစိုက်ပါတီတစ်ခုအနေဖြင့် သက်တမ်းတိုးရန် မှတ်ပုံပြန်တင်လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဝက်ရောက်ယှဥ်ပြိုဖို့ ဆွေးနွေးခြင်းများလုံးဝမရှိသေးကြောင်းနှင့် ယခုလိုမှတ်

ပုံတင်ခြင်းသည် အမျိုးသားနိုင်ငံရေးအတွက် လိုအပ်ချက်ရှိသည်ဟု ယုံကြည်၍ မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း ဦးသာထွန်းလှကဆိုသည်။

ANP ပါတီသည် ၂၀၂၀ခုနှစ်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုတစ်ဝှမ်းလုံးတွင်ယှဥ်ပြိုင်ခဲ့ရာ အမျိုးသားလွတ်တော်၌ ၄ နေရာရရှိပြီး ပြည်နယ်လွတ်တော်၌ ၄ နေရာရရှိကာ ပြည်သူ့လွတ်တော်တွင် ၇ နေရာရရှိထားသည့်ပါတီတစ်ခုဖြစ်သည်။

တည်ဆဲဥပဒေအရ နိုင်ငံရေးပါတီ ၉၁ ခုရှိပြီး ၎င်းအထဲမှ ၂၉ ပါတီသည် UEC ထံ သို့ မှတ်ပုံပြန်တင်ထားသည်ကိုတွေ့ရသည်။

ရခိုင်မှမှတ်ပုံပြန်တင်ထားသော နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင့်ဦးဆောင်ပါတီAFP ၊ ခမီတိုင်းရင်းသားများဖွံဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ ကမန်ပါတီ နှင့် ဒိုင်းနက်ပါတီတို့ ဖြစ်ကြောင်းသိရသည်

နိုင်ငံရေးပါတီအားလုံးသည် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၈ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး တိကျလိုက်နာမှုမရှိသော မည်သည့်ပါတီမဆို အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်သွား​မည်ဟု နိုင်ငံရေးပါတီတည်ထောင်ခွင့် ဥပဒေသစ်တွင်ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး