Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးဖမ်းဆီးခံရ

ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးဖမ်းဆီးခံရ

ABN-သြဂုတ် ၁၅ ရက်

ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးကို ယနေ့ နေ့လည် ၁၂ နာရီကျော်ခန့်က စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက နေအိမ်သို့ လာရောက် ဖမ်းဆီးသွားကြောင်း ကနဦးသတင်းရရှိသည်။

ဒေါ်ညိုအေးဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း သမီးဖြစ်သူက အတည်ပြုပြောကြားသည်။

သြဂက်စ် ၁၃ စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း သမီးဖြစ်သူက ပြောသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပေးမည်။

ဓာတ်ပုံ-DMG/စစ်တွေတွင် ကျောင်းသားသမဂ္ဂက ပြုလုပ်သည့် စစ်တွေဆန်ပြဿနာနေ့အခမ်းအနား၌ ဒေါ်ညိုအေးအားတွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ