Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ရှိ စစ်ကောင်စီ စစ်စခန်း၊ ရဲစခန်းများမှ တပ်ဖွဲ့ဝင်များ စခန်းစွန့် ထွက်ပြေးမှုများလာ

ရခိုင်ရှိ စစ်ကောင်စီ စစ်စခန်း၊ ရဲစခန်းများမှ တပ်ဖွဲ့ဝင်များ စခန်းစွန့် ထွက်ပြေးမှုများလာ

AB News – နိုဝင်ဘာ ၁၃ ၊ ၂၀၂၃

ရခိုင်ရှိ မြို့နယ်တစ်ချို့တွင် စကစ တပ်ဖွဲ့ဝင်များ

၎င်းတို့၏ စစ်စခန်း၊ ရဲစခန်းများကို စွန့်ခွာ ထွက်ပြေးမှုများလာကြောင်း သတင်းရရှိသည်။

ယနေ့မနက်ပိုင်းတွင် ရ​က္ခိုင့်တပ်တော် AA နှင့် စစ်ကောင်တို့ ၂ ဖက်တိုက်ပွဲအတွင်း စခန်း ၂ ခုအသိမ်းခံရပြီးနောက် ရဲကင်းစခန်းများမှာ စခန်းစွမ်ခွာ ထွက်ပြေးမှုများလာသည်ကို AB News က စုံစမ်းသိရှိရသည်။

ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း၊ ကွမ်းချောင်းရွာရှိ စကစ ရဲစခန်းမှ ရဲသားများ ယနေ့ နေ့လည်က စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ဒေသခံများကပြောသည်။

အလားတူ ရမ်း​ဗြဲ မြို့နယ် စနဲဖက်မှ ရဲတပ်ဖွဲ့ဝင်များလည်း အထုတ်အပိုးများသိမ်းပြီး ၎င်း၏မိသားစုများနှင့်အတူ ထွက်ပြေးနေသည် ဟုသိရသည်။

ရသေ့တောင်မြို့နယ်မှ အောင်ဇံရဲကင်းစခန်းရှိ တပ်ဖွဲ့များ ၎င်းနေရာတွင်မနေဝံ့ဘဲ ထွက်ပြေးသွားခဲ့ပြီး စံကားပင်ရင်းတောင်ကုန်းမှစခန်းနှင့် ပူပေါင်းနေထိုင်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“အောင်ဇံစခန်းကရဲတွေ မနေဝံ့လို့ ထွက်ပြေးနေကြတယ်၊ တစ်ချို့သူတွေဆို စခန်း ၂ ခုပေါင်းပြီး နေထိုင်ကြတယ် ” ဟု ဆိုသည်။

ထို့အပြင် ဝက်ကျိန်းတောင်ဘုရား တောင်ကုန်းတွင် တပ်စွဲထားသည့် စကစ တပ်ဖွဲ့များသည် ရန်အောင်မြေ ခွဆုံတောင်ကုန်းတွင် ပူးပေါင်း၍နေထိုင်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာမှ စစ်ကောင်စီ တပ်သား ၄၀ ကျော်သည် ဇနီး၊သားများအားခေါ်ယူပြီး ထွက်ပြေးသွားကြောင်း ဒေသခံများကပြောသည်။

ယနေ့တိုက်ပွဲ၏အရှိန်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်မှထွက်ပြေးမှုပိုများလာပြီး လက်နက်ချက်အလင်းဝင်ရောက်လာသူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ