Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှ သတင်းထောက် ၁ ဦး ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံး

Arakan Bay News

ရခိုင်ပြည် စစ်တွေမြို့တွင် Development Media Group မီဒီယာ သတင်းဌာနတွင် လုပ်ကိုင်နေသည့် သတင်းထောက် ၁ ဦးသည် ဆိုင်ကယ် မတော်တဆ တိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

သေဆုံးသူမှာ သတင်းထောက် ကိုနိုင်လင်းအောင် အသက် ၂၅ နှစ်ပြီး ၎င်းမှာ DMG သတင်းဌာနတွင် ၂ နှစ်တာမျှ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထိုသူမှာ စစ်တွေမြို့ ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် ဆိုင်ကယ်မတော်တဆ ဖြစ်ခဲ့သည်ဟုသိရသည်။

စစ်တွေဆေးရုံတွင် မသက်သာသည့်အတွက် ရန်ကုန်သို့ ယူရာ လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းDMG မှပြောသည်။

DMG သတင်းထောင် ကိုနိုင်လင်းအောင် မတော်တဆမှုဖြင့် သေဆုံးရသည့်ပေါ် မိသားစုများနှင့် DMG ဝိုင်းတော်သားများနှင့်ထပ်တူ ABN သတင်းဌာနမှ ကိုယ်ချင်းစာ ဝမ်းနည်းကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။

ရခိုင်မှ သတင်းထောက် ၁ ဦး ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ