Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှ ရန်ကုန်သို့သွားသည့် ရခိုင်အမျိုးသမီးငယ် ၁ ဦး ရန်ကုန် တက္ကစီကားပေါ်တွင် ပျောက်နေ

ABN-မေအိအိအောင်

ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အသက် ၂၀ အရွယ် ချင်းအမျိုးသမီးငယ်တစ်ဦး အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရန်ကုန်မြို့ထဲသွားရာ လမ်းတွင် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များပြောကြားချက်အရသိရသည်။

အဆိုပါ အမျိုးသမီးမှာ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ထဲသို့ ကားဂိတ်မှ တက္ကစီ (အငှားကား) ဖြင့်သွားစဥ် ဖုန်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီးမှာ မြေပုံမြို့၊သင်္ဘောဆိပ်ရပ်ကွက်မှ ချင်းလူမျိုး အဖ ဦးကျော်သန်းနှင့် အမိ ဒေါ်မကျန်၏ သမီး မချယ်ရီသန်း အသက် ၂၄ နှစ်ဖြစ်ပြီး ကလေးတစ်ဦး၏ မိခင် အိမ်ထောင်သည် တစ်ဦး ဖြစ်ကြောင်းသိရသည်။

မချယ်ရီသင်းမှာ နာမကျန်းဖြစ်၍ ရန်ကုန်တွင်ဆေးကုသမှု ခံယူနေရသော အမိဖြစ်သူအား ပြုစုရန် ရန်ကုန်သို့သွားခြင်းဖြစ်ကာ ရန်ကုန်ကားဂိတ်မှ အမေနေသည့်နေရာသို့ တက္ကစီဖြင့် သွားရာ လမ်းတွင်ဖုန်းအဆက်သွယ်ပြတ်ကာ ပျောက်ဆုံးသွားကြောင်း အစ်မဖြစ်သူ မနွယ်ရီသန်း က ABN ကိုပြောသည်။

နေမကောင်းတဲ့ အမေ့ကိုပြုစုဖို့သွားတာပါ။ မတ်လ ၄ ရက်နေ့ကသွားတာပါ။ ရန်ကုန်ကားဂိတ်ကနေ တက္ကစီမစီးခင်တော့ တက္ကစီပေါ်ရောက်နေပြီလို့ ကျမ ကိုဖုန်းဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖုန်းဆက်လို့မရတော့ဘူး။ စက်ပိတ်ထားတယ်လို့ပြောပါတယ်။

ပျောက်နေသူ မချယ်ရီသင်းမှာ ၁၁/မပတ(နိုင်) ၀၇၇၁ဝ၆ ကိုင်ဆောင်သူဖြစ်ပြီး သူမနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိပါက အစ်မဖြစ်သူ မနွယ်ရီသန်း (09957044798 )အားဆက်သွယ်အကြောင်းကြားပေးပါရန်လည်း တောင်းဆိုထားသည်။

ရခိုင်မှ ရန်ကုန်သို့သွားသည့် ရခိုင်အမျိုးသမီးငယ် ၁ ဦး ရန်ကုန် တက္ကစီကားပေါ်တွင် ပျောက်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ