Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှ ကမ္ဘာ့အဆင့်မှီ ဂီတပညာရှင် ဆရာဦးစောနု အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်

ရခိုင်မှ ကမ္ဘာ့အဆင့်မှီ ဂီတပညာရှင် ဆရာဦးစောနု အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်

ABN-ရှိုင်းမိုး

ရခိုင်မှ ကမ္ဘာ့အဆင့်မှီ ဂီတပညာရှင်ကြီး ဦးစောနုသည် ယနေ့ ည၇နာရီခွဲအချိန်တွင် အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကြီးတွင် သေဆုံးသွားသည်ဟုသိရသည်။

ဂီတပညာရှင် ဦးစောနုသည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ပြိန်းချောင်းရွာမှဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၇နှစ်ရှိခဲ့သည်။

သူသည် နိုင်ငံကျော်အဆိုတော်များဖြစ်ကြသည့် ဝင်းကိုခိုင်၊ မြတ်ခိုင်ကျော်၊ စည်သူလွင်၊ တင်ဇာမော်နှင့် ဟယ်ရီလင်း စသည့်အဆိုတော်များစွာကိုမွေးထုတ်ပေးခဲ့ကြောင်းသိရသည်။

ဦးစောနုသည် ဆိုဗီယက်ပြည်ထောင်စုရှိ ဂီတကျောင်းတွင် ၆နှစ်ခန့် ဂီတပညာကို ကျွမ်းကျင်စွာသင်ယူခဲ့ပြီး DIPIN MUSIC ( U. S. S. R ) Bachelor Of Musicဘွဲ့ကို OBOE လေမှုတ်တူရိယာ အဓိကမေဂျာဖြင့်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

သူသည် ရန်ကုန်မြို့တွင် အဆိုသင်တန်းများဖွင့်လှစ်ခဲ့ပြီး၊ ဂီတမျိုးဆက်သစ်များကိုလည်း International Note ကိုကျွမ်းကျွမ်းကျင်ကျင်သင်ကြားပြသပေးခဲ့သည်။

သူသည်မသေဆုံးခင်အချိန်အတောအတွင်းတွင်လည်း ရခိုင်ပြည်စစ်တွေမြို့သို့ ဂီတမျိုးဆက်သစ်လူငယ်များကို ဂီတမျိုးစေ့ချပေးရန်ရောက်ရှိခဲ့သည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ