Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှာ မုန်တိုင်းကြောင့် ကွမ်းစိုက်ခင်းများ ပျက်စီးသွားသဖြင့် ကွမ်းဈေး ၁ ပိဿာ ၅ သောင်းခန့်ထိ ဈေးမြင့်တက်နေ

ABN-မေ ၂၄ ရက်

ယခု မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးသွားခဲ့သည့်အပြင် ကွမ်းစိုက်ခင်းများလည်း ပျက်စီးသွားသည့် ကွမ်းရွက်ရှားပါးမှုဖြင့် ရင်ဆိုင်နေရပြီး ကွမ်းရွက် ၁ ပိဿာလျင် ၄၅၀၀၀ မှ ၅၀၀၀၀ ထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

ကွမ်းရွက်များကို ရခိုင်ရှိ ရပ်ရွာတိုင်းတွင် တနိုင်တပိုင် စိုက်ပျိုးလေ့ရှိကြပြီး ထိုစိုက်ပျိုးထားသည့် ကွမ်းခင်းအများစုမှာ မုန်းတိုင်းကြောင့် လုံးလုံးပျက်စီးသွားသည်ကိုတွေ့ရသည်။

မုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းတွင် ကွမ်းရွက် ဝယ်ယူရရှိရန်ပင် အခက်အခဲရှိနေပြီး ကွမ်းရွက် ၁ ပိဿာကို ၅ သောင်းထိ ဈေးပေးဝယ်နေရကြောင်း ကွမ်းယာဆိုင်သည် တစ်ဥွီးက ပြောသည်။

“မုန်တိုင်းပြီးကတည်းက ကွမ်းရွက် ရှာရတာ အရမ်းခက်သွားတယ်။ ကွမ်းရှာရတာ ရွှေရှာရတာထက်တောင်ခက်သေးတယ်” ဟုပြောသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ကွမ်းစိုက်ခင်းများ မုန်တိုင်းကြောင့် ပျက်စီးသွားသဖြင့် ကွမ်းရွက် ၁ ပိဿာလျှင် ၄ သောင်းခွဲမှ ၅ သောင်းထိ ဈေးပေးဝယ်နေရကြောင်း ကွမ်းတောင်ရွာသား ၁ဦးကပြောသည်။

“ဒီဖက်မှာက ကွမ်းစိုက်ခင်းတွေအကုန်ပျက်စီးကုန်တယ်။ ကွမ်းတိုင်တွေအကုန်လဲကုန်တယ်။ ကွမ်းဝယ်လို့တောင်မရတော့ဘူး။ ဈေးကလည်း အရမ်းကြီးတယ်” ဟုပြောသည်။

လက်ရှိ ဈေးကွက်တွင်ရှိနေသည့် ကွမ်းများမှာ ကွမ်းသန့် ကွမ်းကောင်းများမဟုတ်ဘဲ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကွမ်းတိုင်များမှ လက်ကျန်များကို ခူး၍ ရောင်းနေကြသည့် ကွမ်းများဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းမှ ဒေသခံ တစ်ဦးက ပြောသည်။

၎င်းအပြင် ကွမ်းသီးပင်များမှာလည်း လေမုန်တိုင်းကြောင့် ကျိုးကျသွားသည့်အတွက် လာမည့်နှစ်တွင် ကွမ်းသီးရှားပါးမှုနှင့် ရင်ဆိုင်ရလာနိုင်ဖွယ်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ