Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည် မြောက်ပိုင်းက မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် NUG အစိုးရမွ မိုးကာမ်ား ထောက်ပံ့

ABN-မေ ၂၅ ရက်

ရခိုင်ပြည်မြောက်ပိုင်းက မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် NUG အစိုးရ လူသားချင်းစာနာထောက်မှုဆိုင်ရာဝန်ကြီးဌာနမှ အရေးပေါ်မိုးကာများ ဝယ်ယူနိုင်ရန် ငွေကြေးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယခု မေလ ၁၄ ရက်နေ့က ဖျက်အားပြင်း ပြင်းထန် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က နေအိမ်များစွာ ပျက်စီးသွားခဲ့ပြီး ပြည်သူများ လုံခြုံသည့် အမိုးအကာအောက် ဦးစြာ ရောက်ရှိရန် ဦးစားပေးလုပ်ဆောင်ရာ၌ NUG အစိုးရကလည်း ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ကူညီထောက်ပံ့ရေးဆောင်ရွက်ပေးသူ တစ်ဦးက ABN သို့ ပြောသည်။

“အဓိကတော့ ULA/AA က ဦးစားပေးလုပ်နေတဲ့ မုန်တိုင်းသင့်ပြည်သူတွေ လုံခြုံတဲ့ အမိုးအကာအောက်ရောက်အောင်လုပ်တဲ့ဟာမှာ NUG က တတ်နိုင်သလောက် ပါဝင်ကူညီပေးတာဖြစ်ပါတယ်” ဟုပြောသည်။

NUG က အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၀၀၀ အတွက် မြန်မာကျပ်ငွေ သိန်း ၂၀၀ လှူဒါန်းထောက်ပံ့ကြောင်း သိရသည်။

NUG အစိုးရက မုန်တိုင်းသင့်ပြည်သူများကို ကူညီနိုင်ရန်အတွက် မေလ ၁၇ ရက်နေ့က ULA သို့ ငွေကျပ် သိန်း ၁၀၀၀ ထောက်ပံ့ကူညီထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ