ABN-ထက်မြတ်ခင်
ရခိုင်ပြည် မြေပုံမြို့ ညောင်ပင်ချေရပ်ကွက် မြို့မ ဓမ္မာရုံမှ ကြေးသွန်းဘုရားဆင်းတုတော်တစ်ဆူ ယမန်နေ့ ဖေဖော်ဝါရီလ ၁ရက် နေ့ ညနေအချိန်က ခိုးခံရ၍ ပျောက်ဆုံးသွားကြောင်းသိရသည်။
ခိုးခံရ၍ ပျောက်ဆုံးနေသည့် ကြေးသွန်းရုပ်တုဘုရားဆင်းတုတော်မှာ ဉာဏ်တော်အမြင့် ၁ ပေခွဲခန့်ရှိပြီး ကာလတန်ဖိုးကိုမူ တိတိကျကျ မသိကြောင်း ရပ်ကွက် လူကြီး တစ်ဦးက ပြောသည်။
“ဘုရားကို ကြေးနဲ့ပြုလုပ်ထားတာပါ ယမန်နေ့ ညနေဖက်က ပျောက်သွားတာပါ သူခိုးက ဘယ်သူလည်းဆိုတာကိုတော့ကျွန်တော်တို့ရှာဖွေနေဆဲပါ၊ ဘုရားကဉာဏ်တော် ၁ ပေခွဲ မြင့်ပါတယ် ” ဟုပြောသည်။
ထိုဓမ္မာရုံမှာ ရပ်ကွက်တွင်း အများပိုင် ဓမ္မာရုံဖြစ်ကြောင်း သိရသည်။
မှတ်ချက်
(ဘုရားဆင်းတုတော်ကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း သိရသည်)
