Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အများစု နေရပ်ပြန်လာ

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ အပစ်ခတ်ရပ်စဲပြီးနောက် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်ကြကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ပဒေသာ၊ ဒီပါရုံ၊ ဆင်အင်းကြီး၊ တန်ခိုး၊ အိုင်ဒင်၊ ကွန်းတောင်၊ ပါဒလိတ်၊ကျော်ဇံ၊ငှက်ကြီးကျွန်း၊ ကျောက်ဆိပ် စသည့် ကျေးရွာများမှ ကျေးရွာသားများမှ စစ်ဘေးရှောင်အများစုမှာ ၎င်းတို့ ရပ်ရွာများသို့ ပြန်လည် ပြန်ကြပြီဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ရွာက ရွာသားတွေ အများစုကတော့ အိမ်ပြန်လာကြပါပြီ။ တချို့ မိသားစုတွေကတော့ ပြန်မလာရဲလို့ စစ်ဘေးရှောင်နေကြဆဲပါ” ဟု အိုင်ဒင်ရွာသားတစ်ဦးက ABN ကိုပြောသည်။

ထိုရွာများမှ ပြည်သူများမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်မှ ပုဏ္ဏားကျွန်းနယ် ရပ်ရွာများဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာထဲဝင်၍ နေအိမ်များကို မီးရှို့ခြင်းများကြောင့် အသက်လု ထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်။

စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်လာကြသော်လည်း ကလေးငယ်ရှိသည့် မိသားစုများ၊ သက်ကြီးရွယ်အိုရှိသည့် မိသားစုများနှင့် လက်နက်ကြီးကျ၍ နေအိမ်ပျက်စီးသွားသည့် မိသားသုများမှ နေရပ်မပြန်ဘဲ စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း ဆားပြင်ကြီးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“ဟုတ်ပါတယ် ပြန်လာတာကတော့ အကုန်လုံးနီပါးပါ ဒါပေမယ့် ကလေးအမေတွေ၊ သက်ကြီးပိုင်းရှိတဲ့မိသားစုတွေ၊ အိမ်မီးရှို့ခံလိုက်ရသည့်မိသားစုတချို့ ကတော့ကျန်သေးတယ်” ဟုပြောသည်။

၎င်းတို့မှာ နေရပ်သို့ ပြန်လည် ရောက်ရှိနေကြရသော်လည်း ပြန်လည် တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်နေကြသဖြင့် ကောက်ရိတ်သိမ်းမည်ကိုပင် မဝံ့မရဲ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

ယခင်က ရှိသည့် စစ်ဘေးရှောင်များမှာမူ ၎င်းတို့ရပ်ရွာများတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားခြင်း၊ ရွာအနီး မိုင်းအန္တရာယ်များကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးပေ။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အများစု နေရပ်ပြန်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ