Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည် ဂွမြို့နယ်တွင် မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးမှုရှိလာနေ

ABN-ရှိုင်းမိုး

ရခိုင်ပြည် ဂွမြို့နယ်တွင် လေမုန်တိုင်းပြင်းထန်စွာ တိုက်ခတ်မှုကြောင့် ရွှေဦးကွင်းရွာမှ လူနေအိမ်၂ အိမ် ပျက်စီးခဲ့သည်ဟုသိရသည်။

မာန်အောင်တွင်လည်း လေပြင်းတိုက်ခတ်မှု ရှိနေကြောင်း သိရသည်။ ပျက်စီးမှုအခြေအနေကိုမူ မသိရသေး။

ယမန်နေ့က သံတွဲမြို့နယ် လှေကြီးဂျိုင်ရွာတွင်လည်း မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးသွားသည်ဟု သိရသည်။

ရခိုင်တွင် ယမန်နေ့ ညနေမှ ယနေ့ အချိန်ထိ မိုးသက်လေပြင်းများ ကျရောက်ပြီး မြစ်ရေလည်း တက်လာနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ