Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်၌ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၉ ဦး နှင့် ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့

၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း စစ်ကောင်စီမှ တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ လူနေရွာများထဲသို့ အချိန်မတော် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့တိုင်းလိုလို ပစ်ခတ်မှုများရှိခဲ့သည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး ထိုပစ်ခတ်မှုများကြောင့် သေဆုံးသူ ၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဦး ရှိခဲ့သည်။

ရခိုင်ပြည်၌ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၉ ဦး နှင့် ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျောက်တော်မြို့နယ် ပီစိရွာတွင်းထဲသို့ စကခ (၉)တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစု ၃ ဦးသေဆုံးခဲ့သည်။ ထိုမိသားစု ၃ ဦးကို ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်တွင် သဂြိုလ်ခဲ့သည်။

တခြားသေဆုံးသူ နှင့် ဒဏ်ရာရသူများမှာ အောက်တိုဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြားကြမ်းတိုက်ရွာမှ ဒေါ်စိန်အေးနု ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် မင်းပြားမြို့နယ် ဖလောင်းပြင်၊ ဆင်ကြီးပြင်၊ ဘူးပင်ရွာတို့မှ ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့ပြီး ၊ သေဆုံးသူ ၂ဦး နှင့် ထောင့်ချောင်းကြီးရွာမှ ကျောင်းဆရာမ ဒေါ်ခိုင်ဆန်းဦး လက်နက်ကြီးကျ၍ သေဆုံးခဲ့သည်။

ထိုနေ့တွင် ကျောက်တော် ဂစ္ဆပနဒီ တံတားထက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပိုက်သည်ရပ်မှ အမျိုးသမီး ၁ ဦးသေဆုံးပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဒိုင်နက်တောင်မော်ရွာမှ လက်နက်ကြီးကျ၍ အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရသေ့တောင်ရစိုးချောင်းဗျူဟာမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ပြိုင်းတောရွာမှ ၇ တန်း ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး၊ ဂစ္ဆပနဒီ တံတားမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝက်မှိုင်းမှ ၂ ဦးဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင်လည်း ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းရွာမှ ဘာသာရေးဆရာ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာမှ ရွာအနီး၌တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်ဆင်မကျော် ( မြိုရွာ) တွင် ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်လိုက်သောကြောင့် ၁၀ တန်းကျောင်းသူ ၁ ဦးဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်အပြင် စစ်ကိုင်းတိုင်း၊ ကရင်ပြည်၊ ကချင်ပြည်နယ်စသည့် ဒေသတို့တွင်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရရှိသူများအပါဝင် ထွက်ပြေးပုန်းရှောင်နေသူ အများအပြားရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ