Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်အတွင်း စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုပိုမိုများပြားလာနေပြီး ဒေသခံပြည်သူများသွားလာနေသည့် နေရာတချို့တွင်လည်း စစ်ဆေးမှုများ သိသိသာသာ ပြုလုပ်မှုများလာ

ABN-ရှိုင်းမိုး

သြဂုတ် ၁၇ရက်

ရက္ခိုင့်တပ်တော်နှင့် အပစ်အခတ်ရပ်စဲထားသည့်

ရခိုင်ပြည်အတွင်း စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုပိုမိုများပြားလာနေပြီး ဒေသခံပြည်သူများသွားလာ

နေသည့် နေရာတချို့တွင် စစ်ဆေးမှုများ သိသိသာသာ ပြုလုပ်မှုများလာသည်ကိုတွေ့ရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်ပိုင်းကစပြီး အလွတ်သဘော အပစ်အခတ်ရပ်စဲထားခဲ့ကြပြီး ၈ လနီးပါးကြာမြင့်လာသည်အထိ နှစ်ဖက် တိုက်ပွဲများမဖြစ်ကြသော်လည်း စစ်ကောင်စီဖက်က ၎င်းတို့၏ ရှေ့တန်းရှိ အထိုင်တပ်စခန်းများသို့ နေ့စဥ် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင် စုဆောင်းနေသည်ကို တွေ့ရသည်။

ရခိုင်ပြည် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်ကောင်စီတပ်စခန်းများတည်ရှိရာ မြို့နယ်များသို့ နေဗီနှင့် စစ်တပ်ကားများဖြင့် စစ်လက်နက်များ၊ ရိက္ခာများကို နေ့စဥ် အဆက်မပြတ်ပို့မေသည်ကို စုံစမ်းတွေ့ရှိရသည်။

ရခိုင်ပြည်အတွင်းမှ မောင်တောမြို့နှင့် ချင်းပြည်နယ် အလက်ဝမြို့နယ်များသို့ စစ်ကောင်စီမှ ရိက္ခာများအဆက်မပြတ်ပို့ပေးနေသောကြောင့် တိုက်ပွဲ ပြန်ဖြစ်လာလျှင် အရင်ထက်ပိုပြင်းထန်ပြီး ထိခိုက်မှု ပိုမိုများနိုင်ကြောင်း မောင်တောမှ စစ်ရေးလေ့လာစောင့်ကြည့်သူ တစ်ဦးက ABNသို့ ပြောဆိုသည်။

“စစ်ဖြစ်လာရင်တော့ ကျနော်တို့ မောင်တောဖက်ကစဖြစ်မယ်ထင်တယ်၊ နောက်ပြီး ပလက်ဝ၊ ဒီနှစ်ဖက်ကနေဖြစ်လာမယ့်ပုံပေါက်တယ်၊ ဘာလို့လဲဆိုတော့ ကျနော် စစ်ရေးအခြေနေကို လေ့လာကြည့်ရသလောက် ရိက္ခာပို့နေတာက မောင်တောနှင့်၊ သံတွဲ၊ ကျောက်တော်နှင့် မြောက်ဦးမြို့များတွင်လည်း မကြာခဏ မြို့ထဲသို့ဝင်ရောက်ပြီး စစ်ဆေးမှု၊ စစ်ရေးပြသွားလာမှုများ ရှိနေကြောင်း ဒေသခံများ သတင်းပေး ပြောကြားချက်အရ သိရသည်။

စစ်တွေနှင့် ပေါက်တောတွင် ဒေသခံများအား စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် မြစ်ထဲတွင် သွားလာနေကြသည့် ရေယာဥ်များအား နေဗီများမှ စစ်ဆေးလေ့ရှိကြောင်း ပေါက်တောဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

“စစ်သားတွေက ဘုတ်တွေကိုစစ်တယ်၊ ကျမတို့က စစ်တွေကို ရေကြောင်းကသွားရတာပါ၊ သူတို့က နေဗီပေါ်ကနေပြီး လှမ်းခေါ်တယ်၊ ပြီးတော့ ဘုတ်ပေါ်တက်ပြီးစစ်ဆေးတယ်၊ သူတို့ပြောတာကတော့ တခါတလေဆိုရင် AAတပ်သားတွေက ဒီအကြောင်းကလှုပ်ရှားမှုရှိတယ်လို့ပြောတယ်၊ ဒါကြောင့် သူတို့စစ်ဆေးတာလို့ပြောတယ်” ဟုသူမကပြောသည်။

အလားတူ စစ်တွေမြို့ စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ ခရီးသွားများကိုစစ်ဆေးမှုရှိကြောင်း နေ့စဥ် လိုင်းပြေးဆွဲနေသည့်ကားသမားတစ်ဦးကပြောသည်။

“သူတို့က စစ်ချင်တဲ့နေ့စစ်တယ်၊ မထင်ရင် မထင်သလိုလုပ်ကြတယ်၊ ဒါကြောင့် သူတို့မေးတဲ့အခါလည်း ဖြေတတ်ဖို့လိုသေးတယ်၊ ကျောက်တန်းဂိတ်ဆိုရင် အချိန်အခါမရှိဘူး၊ ဒါကြောင့် သွားရင်လည်းမေးမြန်းပြီးသွားတာပိုကောင်းပါတယ်” ဟု၎င်းကပြောသည်။

မင်းပြားစသည့် မြို့ထဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်လက်နက် ယူနီဖောင်းအပြည့်အစုံဖြင့် စစ်ကြောင်းလှုပ်ရှားမှုများရှိကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်