Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်ရှိ ပျက်စီးသွားသည့် စာသင်ကျောင်းများကို ဇွန်လကုန်တွင် ပြန်လည်ဖွင့်နိုင်အောင် လုပ်သွားမည်ဟု စစ်ကောင်စီ ပြော

ABN-ရာဟု

မေ ၃၀ ရက်

ရခိုင်ပြည်ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်ကာ စာသင်ကြားနိုင်အောင် ပြန်လည်ပြုပြင်ရေးနှင့်တည်ဆောက်ရေးများကို ဇွန်လကုန်တွင် အပြီးလုပ်ဆောင်သွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

မေလ ၂၇ ရက်က စစ်တွေမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာနတွင် ပြုလုပ်သည့်မိုခါမုန်တိုင်းသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး ညှိနှိုင်းအစည်းအဝေးတွင် တိုင်းမှူးနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူတို့တက်ရောက်သည့်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဇွန်လကုန်ရင် ကျောင်းတွေပြန်ဖွင့်နိုင်အောင် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို စာပြလို့ ရအောင် အမြန်ပြုပြင်သွားမယ်လို့ ပြောတယ်” ဟု အစည်းဝေးတက်ရောက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ABN သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီက ဇွန်လကုန်တွင် စစ်တွေမြို့ကို ယခင်ပုံစံအတိုင်း လျှပ်စစ်မီး၊ ရေနှင့်ဖုန်အင်တာနက်လိုင်းများပါ ရစေရမည်ဟု အနောက်ပိုင်တိုင်း တိုင်းမှူး ထင်လတ်ဦးက ကတိပေးပြောဆ်ိုခဲ့သည်ဟု သိရသည်။

“စစ်တွေက မြို့တော်ဖြစ်တဲ့အတွက် မီး၊ ရေ ၊ဖုန်း နဲ့ အင်တာနက်လိုင်းတွေကို ဇွန်ကကုန်ရင် အကုန်အဆင်ပြေ ရစေရမယ်လို့ ပြောတယ်၊ တခြားမြို့တွေကိုလည်း သူ့ဟာနဲ့သူ အဆင့်လိုက်လုပ်ဆောင်သွားမယ်လို့ ​ပြောတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူနောက်တစ်ဦးက ABN သို့ ပြောသည်။

ရခိုင်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး နှင့်စစ်တွေ မြို့များတွင် အများဆုံးပျက်စီးဆုံးရှုံးပြီး စာသင်ကျောင်းများလည်း အများအပြား ပြိုကျပျက်စီးခဲ့သည်။

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ ၊ဘုန်ကြီးကျောင်းများ၊ စာသင်ကျောင်းနှင့်ကျန်မာရေးဌာနအဆောက်အဦးများ ပျက်စီးကာ ပြည်သူ ၁၁သိန်းကျော် ဒုက္ခရောက်နေပြီး လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ