Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များကို စကစမှ နေရပ်ပြန်ခိုင်းနေသည်မှာ ဒုက္ခပေးရာရောက်ဟု AA ပြောခွင့်ရပြော

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များကို စကစမှ နေရပ်ပြန်ခိုင်းနေသည်မှာ ဒုက္ခပေးရာရောက်ဟု AA ပြောခွင့်ရပြော

ABN-ထက်မြတ်ခင်

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များကို စကစမှ စားနပ်ရိက္ခာ အနည်းငယ်ထောက်ပံ့ပြီး ၎င်းတို့၏ နေရပ်ကိုပြန်ရန် ဖိအားပေးသည်မှာ စစ်ဘေးရှောင်များကို ပိုပြီးဒုက္ခပေးရာရောက်သည်ဟု ယနေ့ပြုလုပ်သည့် ၇ကြိမ်သတင်းစာရှင်းလင်းပွဲတွင် ULA/AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှပြောခဲ့သည်။

စစ်ကောင်စီက မူဆလင်ဒုက္ခသည်များနှင့် ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များကို လုံခြုံရေးအာမခံချက်နှင့် မိသားစုပြန်လည် ထူထောင်ရေးများအတွက် ကောင်းမွန်သည့်အခြေအနေမရှိသေးသည့် အခြေအနေဖြစ်သည့်အတွက် နေရပ်ပြန်ခိုင်းနေသည်မှာ စစ်ဘေးရှောင်များကို ပို၍ ဒုက္ခပေးရာရောက်ကြောင်း ဦးခိုင်သုခက ပြောသည်။

“မူဆလင် စစ်ဘေးရှောင်တွေပဲဖြစ်ဖြစ်၊ ရခိုင်စစ်ဘေးရှောင်တွေပဲဖြစ်ဖြစ် လုခြုံရေးအာမခံချက်၊ စားဝတ်နေရေးနဲ့ မိသားစုပြန်လည်ထူထောင်ရေးများလည်းကောင်းမွန်တဲ့ ခြေနေများမရှိသေးဘဲ အခက်အခဲ အကြပ်အတည်းအများကြီး စိန်ခေါ်မှုများရှိပါသေးတယ် မကြာသေးမီ​က SACက စစ်ဘေးရှောင်တွေကို ပစ္စည်းအနည်းငယ်ပေးပြီး နေရပ်ပြန်ဖို့ ဖိအားပေးတာတွေရှိတယ်။ စစ်ရှောင်ပြည်သူတွေကို အခုလိုနေရပ်ပြန်ဖို့ ဖိအားပေးတာက ပိုပြီးဒုက္ခရောက်လုပ်နေတာလို့ ကျွန်တော်တို့မြင်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများနှင့် စစ်ကျန်လက်နက်များကို မဖယ်ရှားသည့်အပြင် ရပ်ရွာများအနီးတွင် တပ်စွဲနေထိုင်ပြ ရခိုင်စစ်ဘေးရှောင်များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သိန်းနှင့် တလစာ ဆန်ပေးပြီး နေရပ်ပြန်ခိုင်းလျက်ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မင်းပြားမြို့နယ်မှ စစ်ရှောင် ၂၀၀၀ ကျော်မှာ စကစကပေးသည့် ငွေကျပ် ၅သိန်းနှင့် စားနပ်ရိက္ခာတစ်လစာကိုယူပြီး မိမိတို့နေရပ်ကိုပြန်သွားကြကြောင်း သိရသည်။

စစ်ဘေးရှောင်အများစုမှာ မိုင်း၊ စစ်ကျန်လက်နက်နှင့် ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို ကြောက်၍ နေရပ်မပြန်ရဲဘဲ ဖြစ်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ