Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်မှ စစ်ဘေးရှောင်များကို မနက်ဖြန် နောက်ဆုံးထား၍ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး

ရခိုင်ပြည်နယ် ကျောက်တော်မဟာမုနိ စစ်ဘေးရှောင်စခန်းနှင့် မြောက်ဦးမြို့နယ် ဘောင်းဒွတ်စစ်ဘေးရှောင် စခန်းများမှ စစ်ဘေးရှောင်များကိုအောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးပြောကြားထားသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို မနက်ဖြန်အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နေရပ်ပြန်ကြရန် စစ်ကောင်စီက ဖိအားပေး ပြောထားသည်။

“စစ်ကောင်စီက ဒုက္ခသည်တွေ အကုန်လုံးကို နေရပ်ပြန်ခိုင်းနေတယ်၊ ဒီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး အကုန်ပြန်ရမယ်ပြောတယ်” ဟု မဟာမုနိစစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

ကျောက်တော်မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၅၀ စုရှိပြီး လူဦးရေ ၁၆၅၆ ဦးရှိကြောင်းသိရသည်။ မြောက်တောင်၊ ရွှေပြည်၊ တင်မ၊ အလယ်ကျွန်း၊ သာစည်နှင် အခြားကျေးရွာ ၅ ရွာများမှ စစ်ဘေးဒုက္ခသည်များ ခိုလှုံလျက်ရှိကြသည်။

အကယ်၍ သတ်မှတ်ရက်တွင် မပြန်ပါက မည်သည့်ထောက်ပံ့မှုကိုမှ ပေးတော့မည်မဟုတ်ကြောင်းစစ်ကောင်စီက ပြောကြားထားသော်လည်း မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး အန္တရာယ် က ရှိနေသောကြောင့် နေရပ်ပြန်ရန် အခက်အခဲရှိနေကြကြောင်း စစ်ရှောင်များကပြောသည်။

“မပြန်ရင် ဘာမှမထောက်ပံတော့ဘူးလို့ ပြောတယ်၊ သူတို့က မထောက်ပံ့လည်း နေရပ်ပြန်ဖို့က မဖြစ်နိုင်သေးဘူး၊ မြေမြှုပ်မိုင်းတွေနှင့် လက်နက်ကြီး အန္တရာယ် ကလည်း ရှိတယ်၊ ကျတော်တို့ရွာဆိုရင် လက်နက်ကြီးပစ်တဲ့ လမ်းကြောင်း တည့်တည့်မှာရှိတယ်” ဟု စစ်ဘေးဒုက္ခသည်တစ်ဦးမှ ABN သို့ ပြောကြားသည်။

မြောက်ဦးမြို့ရှိ မြို့သစ်ရပ်ကွက်ရှိ မြို့သစ်စစ် စစ်ဘေးရှောင် စခန်းမှ ဒုက္ခသည်များကိုလည်း အောက်တိုဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ နေရပ်ပြန်ရန် ဖိအားပေးထားလျက်ရှိသည်။

ထိုသို့ စစ်ကောင်စီမှ စစ်ဘေးဒုက္ခသည်များကို နေရပ်ပြန်ခိုင်းနေသော်လည်း မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး အန္တရာယ်ကြောင့် နေရပ်ပြန်ရန် အခက်အခဲများ ရှိနေကြသည်။

စစ်ကောင်စီ လူကယ်ပြန်မှ ရခိုင်ရှိ စစ်ဘေးရှောင်များကို လူတစ်ယောက်လျှင် တရက်ကို ဆန် ၂ ဗူးကျစီ အထောက်အပံ့ကို မပေးသည်မှာ ၇ လထိ ရှိနေပြီဖြစ်သည်။

၎င်းအပြင် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများကို ရိက္ခာမထောက်ပံ့ရဟု ပြီးခဲ့သည့် စက်တင်ဘာလက တားမြစ်စာထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ဖြတ်တောက်ထားသောကြောင့် ရခိုင်ရှိ စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်ကြုံလျက်ရှိနေသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် လူနေ ကျေးရွာများအတွင်း ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင်များ နေ့စဥ် တိုးလျက်ရှိနေသည်။

ရခိုင်ပြည်မှ စစ်ဘေးရှောင်များကို မနက်ဖြန် နောက်ဆုံးထား၍ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ