Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်နယ် မောင်တော နယ်ခြားစောင့် လိပ်ရ စခန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦးရရှိခဲ့

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်က ဝင်ရောက် သိမ်းပိုက် နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် သတင်းထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနှင့်အတူ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ ယနေ့အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၄ နံနာရီမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှာ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူနေသည့်ကြားမှ ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွဲ ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် လိပ်ရစခန်းအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်လိုက်နိုင်ကြောင်း ထုတ်ပြန်ပါရှိသည်။

တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ဖက်မှ စစ်သည် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

သတင်းဓာတ်ပုံ-ရက္ခိုင့်တပ်တော်ပြန်ကြားရေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ