Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင် စစ်ကောင်စီမှ တပ်ဖြန့်စစ်ဆေးမှုများပြုလုပ်ပြီး ပြည်သူများအား ခြောက်လှန့်နေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ ၊မင်းပြား၊ မြေပုံ၊ တောင်ကုတ်မြို့များတွင် စစ်ကောင်စီတပ်များသည် ယနေ့ မနက်ပိုင်း၈နာရီ၃၀မိနစ်ကျော်လောက်မှစ၍ မြို့အတွင်းဝင်ရောက်တပ်ဖြန့်ထားပြီး လမ်းများကို ပိတ်ကာ မြို့တွင်းသွားလာသူများကို စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည်သူများကြောက်လန့်အောင် ခြောက်လှန့်လျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများ၌ ရှုံးနိမ့်မှုများ၊ ဆုံးရှုံးမှုများနေခြင်းများကြောင့် ပြည်သူများ ကြောက်လန့်စေရန် အရပ်သားများနေသည့် ကျေးရွာများကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာကို မီးရှို့ခြင်းများကို ပြုလုပ်လာကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ လက်ရှိ ရခိုင်မှာ စစ်ကောင်စီရဲ့ အခြေအနေက ကြွက်မနိုင် ကျီကိုမီးရှို့ဆိုသလိုမျိုး ပြုလုပ်လာတာကိုတွေ့ရတယ်။ စစ်ကောင်စီက တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာ အများကြီးဖွင့်ပြီး တိုက်နေရတဲ့ အနေအထားဖြစ်တယ်။ သူတို့ (စစ်ကောင်စီတပ်) အခြေအနေက ၂၀၁၈ ခုနှစ်ကလို ပြည်သူနောက်ခံမရှိဘူး၊ သီးသန့် ဘုံရန်သူလို ဖြစ်လာတယ်။ ဒီလိုအခြေအနေမှာ စစ်အုပ်ချုပ်ရေးရဲ့ သဘောတရားအရ ပြည်သူကို အကြောက်တရားလွှမ်းမိုးအောင်လုပ်ပြီး အုပ်စိုးဖို့ ကြိုးစားလာတာလို့ပဲ မြင်တယ်” ဟုဆိုသည်။

ပုဏ္ဏားကျွန်းမြို့ထဲသို့ စစ်ကောင်စီ ၅၅၀ တပ်မှ တပ်ဖွဲ့အင်အား ၁၀၀ ခန့် ယနေ့နံနက် ၈ နာရီ ၃၀မိနစ်ခန့် မှစကာဝင်ရောက်တပ်ဖြန့်ထားခဲ့ပြီး ၉နာရီခွဲမှစကာစကာ မြို့တွင်းစျေးကြီးကိုပိတ်ထားခဲ့ကာ လမ်းများတွင်လည်း ကား၊ ဆိုင်ကယ်နှင့် မြို့သူမြိုသားများ၏ သွားလာခြင်းများကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

“စစ်ကောင်စီတပ်သား ၁၀၀ လောက်ဝင်လာတယ်၊ ၅၅၀တပ်ရင်းကလို့ထင်တယ်၊ သူတို့ရောက်ပြီးခဏကြာတော့ လမ်းတွေ၊စျေး‌တွေကို အကုန်ပိတ်ထားလိုက်တယ်၊ ကျွန်မတို့လည်းအိမ်ထဲမှာ နေကြတာ အပြင်မထွက်ရဲဘူး” ဟု မြို့ခံတစ်ဦးမှ ABNသို့ပြောသည်။

ထိုနည်းတူ ကျောက်ဖြူမြို့တွင်လည်း ကျောက်ဖြူမြို့အခြေစိုက် ခမရ ၃၄ စစ်ကောင်စီတပ်မှ တပ်သားအင်အား ၂၀ခန့်မှာ မြို့ထဲတွင် ဂိတ်ချစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြို့အဝင်ဂိတ်တွင်လည်း စစ်ကောင်စီတပ်သားအင်အား ၄၀ခန့်ဖြင့် ကား၊ဆိုင်ကယ်နှင့် လမ်းသွားလမ်းလာများအားစစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။

၎င်းနည်းတူ တောင်ကုတ်၊ မြေပုံ၊ မင်းပြားမြိုများတွင်လည်း စစ်ကောင်စီတပ်သားများသည် မြို့ရှိ အထင်ကရနေရာများတွင် တပ်ဖြန့်ထားပြီး စစ်ဆေးမှုများကိုလုပ်ဆောင်ခဲ့သည်။

မြို့ထဲများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် သွားလာနေသော အရပ်သားပြည်သူများအား မှတ်ပုံတင်၊ ကျေးရွာ သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာများအားစစ်ဆေးပြီး ဒုက္ခအမျိုးမျိုး ပေးလျက်ရှိကြောင်း ဒေသခံများမှ ABN ကိုပြောသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်သားများအား စစ်တွေမြို့ထဲတွင် တွေ့ရစဥ် (ဓာတ်ပုံ-ထွန်းသာ)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ