Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်ထဲမှ မူဆလင် ဒုက္ခသည်စခန်း ၄ ခုတွင် UNHCR က နေအိမ် ၂၉၂ ဆောက်ပေး

ရခိုင်ပြည်ထဲမှ မူဆလင် ဒုက္ခသည်စခန်း ၄ ခုတွင် UNHCR က နေအိမ် ၂၉၂ ဆောက်ပေး

ABN-ရှိုင်းမိုး

ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်ရှိ နေရပ်စွန့် မူဆလင် ဒုက္ခသည်စခန်း (၄) ခုတွင် UNHCRမှ နေအိမ်အမိုးအကာ ၂၉၂ ခုကို ပြည်လည် တည်ဆောက်ပေးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) က ဧပြီလ ၂၇ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုသို့တည်ဆောင်ပေးမှုကြောင့် လူဦးရေး ၂,၆၀၀ ခန့်မှာ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိစွာနေထိုင်ရန် နေရာတစ်ခုရရှိစေခဲ့ကြောင်း UNHCR က ဆိုပြောသည်။

သို့သော်လည်း “စစ်မှန်၍ ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိသည့် ဖြေရှင်းဆောင်ရွက်ချက်များ ဖော်ဆောင်နိုင်သည့် အချိန်အထိ နေရပ်စွန့်ခွာနေထိုင်ရသူများ ပြည့်ပြည့်ဝဝ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်နေဆဲဖြစ်သည်” ဟု UNHCR ဆိုသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေးဆန်သည့် ပဋိပက္ခများကြောင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်တို့မှ မူဆလင်တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားကြရသည်။

ဒုက္ခသည်စခန်းများတွင် တချို့မူဆင်များသည် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်လာခဲ့သော်လည်း တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် ခရီးသွားလာခွင့်ကို အာဏာပိုင်များက အကန့်အသတ်နှင့်တားဆီးထားသောကြောင့် ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ