Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင် နှလုံးလှ ပရဟိတသမား ၃ ဦးအား ဂုဏ်ပြုသည့်အခမ်းအနားကျင်းပ

ABN – ရှိုင်းမိုး

ရခိုင်ပြည် စစ်တွေမြို့တွင် ရခိုင်ပြည်မှ နှလုံးလှ ပရဟိတသမား ၃ ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကို ပထမ အကြိမ်ဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နေ့လယ် ၁နာရီခန့်က စစ်တွေမြို့ မင်းဗာကြီးလမ်းရှိ New World ခန်းမတွင် ပရဟိတသမား ဦးဝေဟင်အောင်က ဦးဆောင်ပြီး ပြုလုပ်ကျင်းပခဲ့ ကြောင်း​ သိရသည်။

ထို ၃ ဦးမှာ ပေါက်တောမြို့မှ ဦးမောင်သာနီ (ဆံတော်ရှင်ကျွန်း၏ ကုလားသိမ်ရွာမှ စိုးမဲကျီရွာအထိ တစ်ကိုယ်တည်း လမ်းဖောက်လုပ်နေသူ )၊ မြောက်ဦးမြို့နယ်မှ ဦးခင်မောင် (မြောက်ဦးမြို့လက်ဆေးကန်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်နေသူ)နှင့် တောင်ကုတ်မြို့နယ်မှ ဦးစိုးမြင့် ( ၂၀၀၉ ခုနှစ်မှစ၍ ကိုင်းရှည်တံတားကို နေ့စဥ် သန့်ရှင်းရေးပြုလုပ်နေသူ) တို့ ဖြစ်ကြသည်။

ထိုအခမ်းနားကို စာရေးဆရာ ဦးဝေဟင်အောင် ဦးဆောင်ကာ ပြည်တွင်း/ ပြည်ပမှ အလှူရှင်များ အကူညီဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဦးခင်မောင်အား ဂုဏ်ပြုငွေ ၁၅ သိန်းကျပ်၊ ဦးစိုးမြင့်အား ဂုဏ်ပြုငွေ ၁၅ သိန်းကျပ်နှင့် ဦးမောင်သာနီအား ဂုဏ်ပြုငွေ ၁၈ သိန်းကျပ်တို့ကို ချီးမြှင့်ခဲ့သည်။

ထိုဆုချီးမြှင့်သည့် အခမ်းအနားကို ပရဟိတ သမား ၂ ဦးတတ်ရောက်ခဲ့ပြီး၊ တောင်ကုတ်မြို့နယ်မှ ဦးစိုးမြင့်အား ဂုဏ်ပြုသည့်အခမ်းအနားကိုမူ တောင်ကုတ်မြို့ ရှင်သန်ရေးကူညီမှုရုံးခန်းတွင်ပြုလုပ်ခဲ့ကြောင်း ဦးဝေဟင်အောင်၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုနှလုံးလှပရဟိတသမားများအား ဂုဏ်ပြုပွဲ ကျင်းပရန်အတွက် ရခိုင်ပြည်တွင်း ပြည်ပမှ အလှူရှင်များမှ လှူဒါန်းခဲ့သည့် ငွေပမာဏမာ ငါးဆယ့် ခုနှစ်သိန်း ခုနှစ်သောင်းကျပ်တိတိ ရရှိခဲ့ကြောင်း ဦးဝေဟင်အောင်၏ ဖေ့စ်ဘွက်မှ သိရသည်။

အဆိုပါ ဆုပေးပွဲကို ရခိုင်ပြည်မှ စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် တာဝန်ရှိအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ