Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင် တိုက်ပွဲများ ရပ်ဆိုင်းထားသည်ကို ဆက်လက်ထိန်းထားရန် ​ဒေါက်တာဆာဆာကာဝါပြောခဲ့

ရခိုင်ပြည်တွင် တိုက်ပွဲများ ရပ်ဆိုင်းထားသည်ကို ဆက်လက်ထိန်းထားရန် ​ဒေါက်တာဆာဆာကာဝါပြောခဲ့

ABN-ကိုဟိန်းထွန်း

နိပွန်ဖောင်ဒေးရှင်းဥက္ကဌဒေါက်တာဆာဆာကာဝါ ရခိုင်သို့ရောက်ရှိခဲ့စဥ် ရခိုင်ပြည်ရှိ တိုက်ပွဲများမရှိဘဲ ငြိမ်းချမ်းနေသည့်အခြေအနေကို ဆက်လက်၍ ထိန်းသိမ်းထားစေချင်ကြောင်း ULA ၏ မြောက်ဦးနိုင်ငံရေးမှူး ဦးဦးလှစောနှင့် ခေတ္တတွေ့ဆုံစဥ်ပြောကြားခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် ULA သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခပြောကြားခဲ့သည်။

“ဆာဆာကာဝါအဓိက ဆွေးနွေးခဲ့တဲ့အရာကတော့ ရခိုင်ပြည်မှာတိုက်ပွဲမရှိပဲနဲ့ငြိမ်းချမ်းရေးကာလတစ်ခုကိုတတ်နိုင်သမျှ ဆက်လို့ထိန်းသိမ်းထားစေချင်ပါတယ်” ဟု ပြောခဲ့ကြောင်း ဦးခိုင်သုခက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းရှိ ကျောင်းသားများ ပညာသင်ယူနိုင်ရေးအတွက် ကူညီသွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖောဖော်ဝါရီလ ၄ရက်နေ့တွင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဆာဆာကာဝါက ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းစစ်ဘေးရှောင်များအားလည်းပြောခဲ့သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် ULA/AAမှ ကျေးဇူးအထူးတင်ကြောင်း၊ လိုအပ်သည့်အကူအညီများကို ဆက်လက်၍ပေးစေလိုကြောင်းပြန်ပြောခဲ့သည်ဟု ခိုင်သုခက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ