Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၈.၈၆ ရာခိုင်နှုန်းသာရှိ၊ တိုင်းနှင့်ပြည်နယ်တို့တွင်အနိမ့်ဆုံးအဆင့်ရောက်ရှိ

ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၈.၈၆ ရာခိုင်နှုန်းသာရှိ၊ တိုင်းနှင့်ပြည်နယ်တို့တွင်အနိမ့်ဆုံးအဆင့်ရောက်ရှိ

ABN-ကိုဟိန်းထွန်း

ဇွန် ၉ ရက်

ရခိုင်ပြည်တွင်၂၀၂၂-၂၀၂၃ ခုနှစ် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခဲ့သည့် ကျောင်းသား/ကျောင်းသူ အောင်ချက်ရာခိုင်နှုန်း ၅၈ ရာခိုင်နှုန်းသာရှိပြီး တိုင်းနှင့်ပြည်နယ်တို့တွင်အနိမ့်ဆုံး အဆင့်ရောက်ရှိသွားကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပြန်ထားချက်အရ တွေ့ရသည်။

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ၁၆၉၂၈ ဦးရှိပြီး အောင်မြင်ခဲ့သူ ကျောင်းသား/ ကျောင်းသူဦးရေ ၉၉၆၄ ဦးရှိကာ ၅၈.၈၆ % ရာခိုင်နှုန်းဖြစ်သည်။

အောင်အချက်အနည်းဆုံးမှာ ရခိုင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဖြစ်ပြီး အောင်ချက်အများဆုံးမှာ နိုင်ငံခြားနှင့် မကွေးတိုင်းဒေသကြီးဖြစ်သည်။

မကွေးတွင်ဖြေဆိုခဲ့သူဦးရေ ၁၂၄၂၁ ဦး၊ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူဦးရေ ၉၃၂၁ ဦးရှိ၍ ၇၅.၀၄ ရာခိုင်နှုန်းဖြစ်ကာ နိုင်ငံခြားတွင်ဖြေဆိုခဲ့သူဦးရေ ၁၁ ဦး၊ အောင်မြင်ခဲ့သောဦးရေ ၁၀ ဦးပြီး ၉၀.၉၁% ရာခိုင်နှုန်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် စနစ်ဟောင်းတက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သူ စုစုပေါင်းဦးရေ ၁၆၁၈၅၀ ရှိပြီး၊ အောင်မြင်ခဲ့သူဦးရေ ၁၀၉၈၅၁ ( တစ်သိန်းကိုးထောင်ရှစ်ရာငါးဆယ့်တစ်ဦး) ရှိကြောင်းထုတ်ပြန်ချက်အရသိရသည်။

အခြားတိုင်းနှင့်ပြည်နယ်များတွင် အောင်ချက်ရာခိုင်နှုန်းမြင့်မားနေကြောင်းတွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ