Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင် စစ်ကောင်စီတပ် ရိက္ခာနှင့် တိုက်ခိုက်ရေးအင်အားများ အဆက်မပြတ်တိုးချဲ့ဖြည့်တင်းနေ

ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ အလွတ်သဘော အပစ်အခတ်ရပ်စဲထားပြီးနောက် စစ်ကောင်စီတပ်ဖက်မှ ရိက္ခာများနှင့် တိုက်ခိုက်ရေးအင်အားများကို ရခိုင်ပြည်အနှံ့တွင် တပ်ပိုင် ကား၊ နေဗီ စသည့်တို့ဖြင့်နေ့စဥ် အဆက်မပြတ် ဖြည့်တင်းလျက်ရှိနေသည်ကို တွေ့ရသည်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က စစ်တွေမြို့ ရွှေမင်းဂံစစ်ကောင်စီရေတပ်မှ နေဗီ ၁ စီးသည် တိုက်ခိုက်ရေးစစ်သားအင်အား၊ လက်နက်အင်အား၊ ရိက္ခာအပြည့်ဖြင့် ကျောက်တော်ဖက်သို့ ဦးတည်ထွက်သွားကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ABN ကို‌ပြောသည်။

” ဒီနေ့မနက် ၆နာရီကျော်‌လောက်မှာ နေဗီ ၁ စီးထွက်သွားပါတယ်။ စစ်တွေ ရွှေမင်းဂံရေတပ်က ထွက်သွားတာဖြစ်ပါတယ်။ စစ်သားနှင့် လက်နက်တွေ အပြည့်ပါ။ ကျောက်တော်ဘက်ကို သွားပါတယ်”ဟုပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၆ရက်နေ့ကလည်း စစ်တွေရွှေမင်းဂံရေတပ်မှ စကစနေဗီ ၂စီးသည် စစ်သား၊ လက်နက်၊ ရိက္ခာ အပြည့်ဖြင့် ဘူးသီးတောင်၊မောင်တောဖက်သို့ စစ်အင်အားဖြည့်ရန်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ယမန်နေ့က အမ်းမြို့မှ စကစတပ်သည် စစ်တပ်သုံးကား ၁၁ စီးတို့ဖြင့် ရိက္ခာ၊ စစ်သား၊ လက်နက်ခဲယမ်းအပြည့်ဖြင့် တိုင်းဗဟို ၉ သို့ ညနေ ၅ နာရီအချိန်တွင်ရောက်ရှိလာပြီး ၎င်းကားများတွင် ရိက္ခာကား ၃စီး၊ လက်နက်ခဲယမ်း ၃စီး၊ စစ်သားအင်အား၁၇၀ တို့အား ကား ၅စီးတို့ဖြင့် ပို့ဆောင်ခဲ့သည်ကို စုံစမ်းသိရှိရသည်။

ရခိုင်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော ယာယီအပစ်အခတ်ရပ်စဲထားပြီးချိန်မှစပြီး စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးအင်အား ရိက္ခာအင်အားများကို နေ့စဥ် တိုးချဲ့ ချထားလာသည်ကို တွေ့ရသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ် ရိက္ခာနှင့် တိုက်ခိုက်ရေးအင်အားများ အဆက်မပြတ်တိုးချဲ့ဖြည့်တင်းနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ