Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင် စက်တင်ဘာလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၂ ဦးရှိပြီး ဒဏ်ရာရသူ ၅ဦးထိရှိလာ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂၇ရက်

ရခိုင်ပြည်တွင် ယခု စက်တင်ဘာလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၂ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၅ဦးအထိရှိခဲသည်ဟုသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ရက်နေ့က ရခိုင်ပြည်ကျောက်တော်မြို့နယ် ဘိုမင်းရွာကျေးရွာမှ အမျိုးသားတစ်ဦး လယ်ကွင်းသို့ မြက်ရိတ်ရန်သွားစဥ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်ဟု ထု

သိရသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ဘိုမင်းရွာကျေးရွာမှ အသက် ၅၂နှစ်အရွယ် ဦးမောင်စံကျော်ဖြစ်ပြီး ၎င်းကိုယနေ့ ညနေ၄အချိန်တွင် သဂြိုင်မည်ဖြစ်ကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ နေ့လည်က မိုးကြိုးပစ်ခံရ၍ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မိုးကြိုးပစ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူများမှာ တောင်ကုတ်မြို့နယ်၊ မိချောင်းထိုးကျေးရွာမှ အသက်(၄၀)ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် တောင်ကုတ်မြို့ပေါ်မှ အသက်(၂၈)နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့၃ ဦးမှာ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်ဟုသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅နေ့ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော အမျိုးသမီးမှာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ အသက် ၅၁အရွယ် ဒေါ်မတင်အေးဖြစ်ကြောင်းသိရပြီး ဒဏ်ရာရရှိသူ၂ဦးမှာ အဖဦးကောင်းစံကျော်၏ သမီးနှင့် သားဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ယခုနှစ်မိုးရာသီအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၂၀နီးပါး ရှိလာပြီဖြစ်ကြောင်း ABNမှ စုံစမ်းသိရသည်။

ရခိုင်ပြည်တွင် စက်တင်ဘာလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၂ ဦးရှိပြီး ဒဏ်ရာရသူ ၅ဦးထိရှိလာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ