Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင်း ဝင်ရောက်တိုက်ခတ်မည့် မိုခါ မုန်တိုင်းကာလ၌ အရေးပေါ်အကူညီတုန့်ပြန်မှုများဆောင် ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားသည်ဟု UNHCR ထုတ်ပြန်

ABN-မေအိအိအောင်

ရခိုင်ပြည် အတွင်း ဝင်ရောက် တိုက်ခတ်မည့် မိုခါ မုန်တိုင်းကာလအတွင်း အရေးပေါ် အကူအညီများပေးနိုင်သောဆောင်ရွက်ချက်များကို အသင့်ပြင်ဆင်ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်ကို ယမန်နေ့ မေလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်အရ အဆိုပါ မုန်တိုင်းသည် လာမည့် မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းကိုUNHCR ကခန့်မှန်းထားပြီး မိုးဇလကလည်း ယင်းနေ့များတွင် တိုက်ခတ်နိုင်ကြောင်းကို ထုတ်ပြန်ထားသည်။

မိုခါ မုန်တိုင်းနှင့်ပတ်သတ်၍ UNHCR နှင့်မိတ်ဖက်အဖွဲ့များအနေဖြင့် လူထုအုပ်စုများ ဘေးကင်းလုံခြုံရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အကယ်၍ အကူအညီများ ပိုမိုလုပ်ဆောင်ရန် လိုအပ်လာလျှင်လည်း အရေးပေါ်ကူညီမှုများ ချက်ချင်းတုန့်ပြန်နိုင်ရေးအတွက် အရန်အစီအစဉ်များကိုပါ ဆောင်ရွက်ထားကြောင်းသိရသည်။

ယင်းအပြင် မေလ ၁၃ ရက် စနေနေ့နှင့် မေလ ၁၄ ရက် တနင်္ဂနွေနေ့တွင် ဝင်ရောက်တိုက်ခတ်မည့် အဆိုပါ မုန်းတိုင်းနှင့်ပတ်သက်၍ အသိပေးမှုများ ၊ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်ရန် စစ်ဘေးရှောင်စခန်းများနှင့် ကယ်ဆယ်ရေးစခန်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသဘာဝဘေးအန္တရာယ် အတွင်း ကယ်ဆယ်ရေးစခန်းများနှင့် စစ်ဘေးရှောင်စခန်းတို့တွင် လိုအပ်သည့်ပြင်ဆင်မှုများကို ၎င်းစခန်းများရှိ တာဝန်ခံများနှင့် ဆွေးနွေးညှိနိုင်းဆောင်ရွက်ထားသည့်အပြင် မုန်တိုင်းအတွင်း အများဆုံးထိခိုက်နိုင်ခြေရှိသော နေရာများကိုလည်း အလေးပေးစောင့်ကြည့်ရေး အစီစဉ်များကိုပါ ပြုလုပ်ပြင်ဆင်ထားကြောင်းသိရသည်။

၎င်းအပြင် UNHCR အနေဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို အသင့်ထားရှိပြီး ရေယာဉ်များ၊ ကားများကိုလည်း လိုအပ်လာလျှင် အလွယ်တကူ အသုံးပြုနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ