Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်တွင်းရှိ မောင်တော၊ ဘူးသီးတောင် နှင့် ချင်းပြည် ပလက်ဝ တို့တွင် ဆန်စျေးနှုန်းမြင့်တတ်လာနေ

ရခိုင်ပြည်တွင်းရှိ မောင်တော၊ ဘူးသီးတောင် နှင့် ချင်းပြည် ပလက်ဝ တို့တွင် ဆန်စျေးနှုန်းမြင့်တတ်လာနေ

ABN-ရှိုင်းမိုး

ရခိုင်ပြည်တွင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ချငိးပြည် ပလက်ဝစသည့်မြို့တို့တွင် ဆန်စျေးနှုန်းများ ယခင်ကထက် မြင့်တတ်လာနေသည်ကိုတွေ့ရသည်။

မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် ပေါ်ဆန်မွေး ဆန်တစ်အိတ်ကို ၁၅၀၀၀၀ ခွဲထိမြင့်တတ်နေသည်ဟု စုံစမ်းသိရှိရသည်။

မောင်တော၊ ဘူးသီးတောင် စသည့်ဒေသတွင် ပုံမှန်ဆန်စျေးနှုန်းမြင့်တတ်သော်လည်း ယခုနှစ်သည် လွယခင်နှစ်များထက် ပိုမိုမြင့်တတ်သည်ဟု ဒေသခံများ ပြောကြားချက်အရသိရသည်။

“ဆန်စျေးကအခု ဆန် ၄တောင်းတစ်အိတ်ကို၊ ၁သိန်းခွဲဖြစ်နေပြီ၊ ဟိုနှစ်ကဆိုရင် ၇သောင်းခွဲ ၈သောင်း အဲလောက်ပဲတတ်တာ၊ နောက်ဆုံးစျေးက ၁သိန်းပဲရှိခဲ့တယ်၊ ဒါပေမယ့်ဒီနှစ်က မရဘူး၊ စပါးတွေလည်း မရှိကြတာမဟုတ်ပါဘူး၊ လယ်သမားတွေလည်းစပါးရတဲ့သူတွေရလိုက်ပါတယ်” ဟုဘူးသီးတောင်မြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

မိုးရာသီးမရောက်သေး၊ ဆန်စျေးကအလွန်တတ်နေသည်ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

” မိုးရာသီးကိုတောင်မရောက်သေးဘူး၊ ဆန်စျေးက တဟုန်ထိုးတတ်နေပြီ၊ အလုပ်အကိုင်ကလည်းအဆင်မပြေ၊ နိုင်ငံခြားသွားရင်လည်း၊ ကံကောင်းတဲ့သူတွေကောင်းတာ၊ အဖမ်းခံရတာများတယ်၊ အခုဆိုရင်ရခိုင်မှာ ရာသီဥတုကလည်းအပြင်မထွက်နိုင်အောင်ပူးပြင်နေတယ်၊ ဘာအလုပ်မှလည်းကောင်းကောင်းလုပ်လို့မရဘူး၊ ဆန်စျေးကလည်းတတ်၊ မိုးရာသီထမင်းငတ်ကြတော့မယ်ထင်ပါတယ်” ဟု၎င်းကဆိုသည်။

အလားတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင်လည်း ဆန်စျေးနှုန်းအဆမတန်မြင့်မားနေကြောင်း ဒေသခံများသိရသည်။

“ကျွန်မတို့ပလက်ဝက ဆန်စျေးတက်တာသိပ်မဆန်းဘူးလို့ပြောလို့ရပါတယ်၊ ဒါပေမယ့် ထူးခြားတာက ဒီနှစ်ပိုတတ်တယ်၊ စပါးအထွက်နှုန်းလည်း မနည်းကြပါဘူး၊ တိုက်ပွဲတွေကြောင့်လည်းမဟုတ်ပြန်ဘူး၊ တိုက်ပွဲကဖြစ်နေကြပါ၊ တခြားမြို့တွေမှာ မဖြစ်ရင်လည်း ကျွန်မတို့ပလက်ဝမှာဖြစ်နေကြပါ၊ ဒါကြောင့်ဆန်စျေးတတ်တာဟာ အဲဒါတွေနဲ့မဆိုင်ဘူးထင်ပါတယ်” ဟု ဆန်ရောင်းသူ တစ်ဦးပြောသည်။

အခုလိုဆန်စျေးနှုန်းမြင့်တတ်လာနေသောကြောင့် မိုးရာသီကိုရောက်ရင် ဆင်းရဲသားပြည်သူအချို့အငတ်ဘေးသင့်မည်ကို စိုးရိမ်နေကြရသည်ကိုတွေ့မရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ