ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသ အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တိုအကြား တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက် နေ့စဥ် တိုးလာနေပြီး စစ်ကောင်စီ၏ ရိက္ခာဖြတ်တောက်ထားမှုကြောင့် စစ်ဘေးရှောင်များမှာ အစားအသောက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်နှင့် စက်တင်ဘာ ၂ လအတွင်း အသစ်ထပ်မံတိုးလာသော စစ်ဘေးရှောင်အရေအတွက် ၆၁၆၇ ဦးရှိပြီး ၎င်းအထဲတွင် မွေးကင်းစကလေး ၅၂ ဦးနှင့် ကိုယ်ဝန်ဆောင် ၂၃ ဦးတိုပါဝင်ကြောင်း ရက္ခိုင့်တပ်တော်မှ အောက်တိုဘာလ ၄ ရက်နေ့ထုတ် စစ်ဘေးရှောင်များစာရင်းအရ သိရှိရသည်။
ကျောက်တော်မြိုနယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းသို စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အတွင်း အသစ်ထပ်မံ ရောက်ရှိလာသော စစ်ဘေးရှောင် ဦးရေ ၄၈၁ ဦးရှိပြီး ၎င်းအထဲတွင် ချင်းပြည်နယ် ပလက်ဝမှ ၁၉ ဦးတို ပါဝင်သည်။
၎င်းညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် မူလရှိ စစ်ဘေးရှောင်များနှင့် အသစ်ရောက်ရှိသော စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရှိနေကြောင်း စခန်းတာဝန်ခံ ကိုနေအောင်က Arakan Bay News သို ပြောကြားသည်။
“စစ်ဘေးရှောင်အသစ်တွေက နေ့တိုင်း တိုးလာနေတယ် အရင်ကလည်း သုံးထောင်ကျော်ရှိနေတာဆိုတော့ သူတိုဘနေထိုင်ဖိုနှင့် စာသောက်ဖိုအတွက် ရိက္ခာအခက်အခဲ အရမ်းအရေးတကြီးလိုအပ်နေပါတယ် အဖွဲအစည်းတွေ လာရောက် မထောက်ပံ့ရင် အငတ်ဘေး ကြုံလာရဖိုရှိနေပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များကို ပြီးခဲ့သည့် စက်တင်ဘာလအထိ WFP မှ တစ်ဦးလျှင် ၁၈၀၀၀ ကျပ်စီ ပုံမှန်ထောက်ပံ့မှုရှိခဲ့သော်လည်း စစ်ကောင်စီ လူကယ်ပြန်မှ ရိက္ခာထောက်ပံ့မှုမရှိသည်မှာ ၇ လလောက်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများ မထောက်ပံ့ဖို WFP အပါအဝင် UN အဖွဲအစည်းများနှင့် အရပ်ဖက်အဖွဲအစည်းများကို ပြည်နယ်စစ်ကောင်စီက ပြီးခဲ့သည့် စက်တာဘာလ ၁၅ရက်နေ့မှ ထုတ်ပြန် တားမြစ်ထားသည်။
စစ်ဘေးရှောင်များကိုလည်း နေရပ်ပြန်ကြဖို စစ်ကောင်စီက အတင်းအကြပ် စေခိုင်းလျက်ရှိနေပြီး အောက်တိုဘာလ ၄ ရက်နေ့က ဘူးသီးတောင်မြိုရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းသို စစ်ကောင်စီတပ်ဖွဲဝင်များရောက်ရှိလာပြီး ညသန်ခေါင်ယံအချိန်တွင် အကြောင်းမဲ့ သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြသေးသည်။






