Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ စစ်ဖက် ရဲဖက် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေလိုက ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချ အညံ့ခံရန် ညီနောင်မဟာမိတ်အဖွဲ့ထုတ်ပြန်

AB News-နိုဝင်ဘာ ၁၃၊ ၂၀၂၃

၁၀၂၇ စစ်ဆင်ရေး၏ ၁၈ ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်တွင် “ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက မိမိတို့၏နီးစပ်ရာစခန်းများသို့ (အမြန်ဆုံး) 🚨🚨ဆက်သွယ်ပြီး လက်နက်ချ အညံ့ခံရန် အသိပေးလိုက်ပါသည်။” ဟုထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသအတွင်း အောက်ပါနေရာများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(၁) ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊

(၂) မောင်တောမြို့နယ်၊ မီးတိုက် နှင့် သင်္ဘောလှရွာအနီးတွင်လည်း နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း ၊

(၃) မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်တွင် နံနက် (၇) နာရီ (၂၀) မိနစ်တွင် လည်းကောင်း၊

(၄) မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက် ၅.၇ ကီလိုမီတာအကွာ မင်းပြား – မြောက်ဦးမြို့နယ်ကြားတွင် ညနေ (၄) နာရီဝန်းကျင်၌ လည်းကောင်း

(၅) ထို့အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင် လည်းကောင်း တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။

ရန်သူသည် တိုက်ပွဲဖြစ်ပွားနေသောနေရာများသို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ရန်သူသည် ၎င်းတို့အခြေပြုတပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများရှိသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံသောသူများရှိခဲ့သလို မိမိတို့၏ နီးစပ်ရာ စခန်းများသို့ ဆက်သွယ်၍ စစ်ဘက်၊ ရဲဘက်မှ လက်နက်ချ အညံ့ခံလာသောသူများကိုလည်း မိမိတို့မှ ကောင်းစွာ လက်ခံထား ရှိပါသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ