Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသူ ၅၅ ဦးလွတ်လာ

ရခိုင်တွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသူ ၅၅ ဦးလွတ်လာ

ABN-ဟိန်းထွန်း

သြဂုတ် ၂ ရက်

ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားရင်ဆိုင်နေရသည့် တေးရေးဆရာ ဦးစန်းကိုအပါအဝင်စုစုပေါင်း ၅၅ ဦးသည် ယနေ့တွင်လွတ်မြောက်လာကြောင်းသိရသည်။

လွတ်မြောက်လာသူများမှာ သံတွဲထောင်မှ ၁၅ ဦး၊ ကျောက်ဖြူထောင်မှ ၁၀ ဦး၊ စစ်တွေထောင်မှ ၁၁ ဦး၊ ကျောက်တော်အချုပ်ခန်းမှ၂ ဦး၊ ​ဘူးသီးတောင်နှင့် မောင်တောအချုပ်မှ ၁၇ ဦးတို့ဖြစ်သည်။

တေးရေးဆရာဖြစ်သော ဦးစန်းကိုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ငပလီအခြေစိုက် ခလရ -၅၅ မှ ၎င်း၏နေအိမ်သို့ သွားရောက်ပြီး AA နှင့်ဆက်စပ်သည်ဟု မေးမြန်းစရာရှိသည်ဆိုပြီး ဖမ်းဆီးသွားခဲ့ကာ ဗိုလ်ကြီးရဲလင်းထွန်းက တရားလိုပြုလုပ်ပြီး သံတွဲရဲစခန်းတွင် ပုဒ်မ ၁၇/၁ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့်လွတ်မြောက်လာမည့်သူ ၇၂ ဦးရှိကြောင်း သိရှိရသော်လည်း ယနေ့တွင် ၅၅ ဦးသာလွတ်မြောက်လာသေး၍ ကျန်ရှိနေသည့်အကျဥ်းသားများလည်း ရှိနေသေးကြောင်းသိရသည်။

အဆိုပါ ၇၂ ဦးမှာ ရခိုင်ပြည် (သို့)မြန်မာတစ်နိုင်ငံအတိုင်းအတာဖြင့် လွတ်မြောက်လာမည်လားကိူမူ တိတိကျကျ ဖော်ပြမထားကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးက ပြောသည်။

ဓာတ်ပုံ-ကျောက်ဖြူထောင်မှ လွတ်လာသူများကို တွေ့ရစဥ်/ထွန်းထွန်းနိုင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ