ဓာတ်ပုံသတင်း
ABN-ကိုဟိန်းထွန်း
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ရွာတွင် ၇ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ယနေ့ညတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
ထိုအခမ်းအနားတွင် မြိုလူမျိုးများ၏ ရိုးရာဝတ်စုံများဖြင့် ကပြဖျော်ဖြေခြင်းအပါအဝင် တခြားသော ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များကလည်း ရိုးကာဝတ်စုံများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်ကိုတွေ့ရသည်။
အခမ်းအနားကို မြိုစာပေနှင့် ယာဥ်ကျေးမှုအသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး မနက်ဖြန်မနက်တွင်လည်း မြိုသမိုင်း၊ နှင့် စာပေပညာရှင်များ၊ သဝဏ်လွှာများကို ဖတ်ပြသည့် အခမ်းအနားကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ကော်မတီမှ သိရသည်။
မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်နယ်အနှံ့နေထိုင်ပြီး လူဦးရေ၃၀,၀၀၀ ကျော်ခန့်ရှိကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်ဟု သိရသည်။
ဓာတ်ပုံ-ABN/Ko Hein Tun























