Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ၁ ပတ်အတွင်း မီးလောင်မှုကြောင့် ၃ ဦးသေဆုံးခဲ့ရ

ABN – ကိုဟိန်းထွန်း

ရခိုင်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၁ ပတ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့သည်ကို တွေ့ရသည်။

လူသေဆုံးမှု ဖြစ်ခဲ့ရသည့် မီးလောင်မှုများမှ သက်ကြီးပိုင်းများနှင့် ပေါဆမီးများကြောင့် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

မီးလောင်၍ သေဆုံးသွားခဲ့ရသူများမှာ ဒေါ်မစောသာ အသက် ၈၈ နှစ်၊ ဦးပဏ္ဍဝ သက်တော် ၇၂ နှစ် နှင့် ကိုမောင်သန်းစိုး အသက် ၃၉ နှစ်တို့ ဖြစ်ကြသည်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာမှ အသက် ၈၈ နှစ်အရွယ် ဒေါ်မစောသာ သည် ဆေးတံသောက်ရာမှ မီးပွားမီးစများ ဆိုဖာသို့ ကျရောက်သွားသည့်အတွက်ကြောင့် မီးလောင်မှုဖြစ်ပွားရာမှ မီးထဲတွင်သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပုဏ္ဏားကျွန်းမြို စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်း၏ နောက်ဖေးရှိ သင်္ဃာဆောင်၌ လေဖြတ်ဝေဒနာခံစားနေရသည့် ဦးပဏ္ဍဝ သက်တော် ၇၂ နှစ်သည် ရေနွေးကြိုရာမှ မီးလောင်၍ မီး သေဆုံးသွားခဲ့ရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၈ နာရီ ၂၀ မိနစ်တွင် ကျောက်တော်မြို့နယ် မဟာမုနိဘုရားကြီးအနီးရှိ ဒေါ်လှသိန်းနုပိုင်ဆိုင်သည့် မုန့်တီဆိုင် မီးလောင်မှုဖြစ်ပွားရာ သားဖြစ်သူ မောင်သန်းစိုးအသက် ၃၉ နှစ်သည် မီးလောင်သေဆုံးသွားခဲ့သည်။

မီးနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် မြို့ပတ်ပြီး သတိပေးခြင်းအပြင် ဈေးတွင် အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးကြောင်း ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်အဖွဲ့မှ တာဝန်ခံ ဦးဇော်သန်းထွန်းက ABN ကိုပြောသည်။

“ကျွန်တော်တို့မီးသတ်ဌာနက အသိပညာပေးတာတွေရှိပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တစ်ဆင့်ပေးတာတွေရှိပါတယ်၊ ရပ်ကျေးစာရေးက တစ်ဆင့် ပေးတာရှိပါတယ်၊ မြို့ပတ်ပြီးဆော်ဩတာတွေလည်းရှိပါတယ်၊ စျေးမှာဟောပြောပွဲလုပ်ရင်း အသိပညာပေးတာတွေလည်းရှိ ပါတယ်၊ နားထောင်တာ မထောင်တာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ ” ပါဟု ဆိုသည်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်တွေမြို့ပေါ်၊ မကျည်းမြိုင်ရပ်ကွက် ၊ နေအိမ် ၅ ဆောင် မီးလောင်ပြာကျသွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း (၈၀၀) ကျော်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်၊ နေ့လည် ၁ နာရီကျော်မှာ ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်း မီးလောင်မှုကြောင့် လူနေအဆောင် ၂၆၂ လုံး မီးထဲတွင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုအပြင် ၂၀၂၁ ခုနှစ် မတ်လ ၁၇ရက်နေ့ ညအချိန်၌ မြောက်ဦးမြို့နယ်ရှိ၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေဆောင် ၅၇၀ ထိဆုံးရှုံးခဲ့ရပြီး ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ညောင်းချောင်းဈေးမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၄ ခန်း လောင်ကျွမ်း သွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

ရခိုင်တွင် ၁ ပတ်အတွင်း မီးလောင်မှုကြောင့် ၃ ဦးသေဆုံးခဲ့ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ