Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် သွေးလွန်တုပ်ကွေးနှင့်ဆင်တူသည့် အမည်မသိရောဂါဖြစ်ပွားနေသောကြောင့် ကလေးသူငယ်များ သေဆုံးမှုရှိလာနေ

ABN-နွယ်စိုး

ဇူလိုင် ၁၈ ရက်

ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် မိုခါမုန်တိုင်းပြီးနောက် သွေးလွန် တုပ်ကွေးလက္ခဏာနှင့်ဆင်တူသည့် အမည်မသိ ရောဂါများဖြစ်ပွားနေမှုကြောင့် ကလေးသူငယ် သေဆုံးမှုရှိလာနေသည်ကို တွေ့ရသည်။

ထိုအမည်မသိရောဂါဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က မြောက်ဦးမြို့နယ် လေးမြို့စားကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး စစ်တွေပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့်ကလေးငယ်မှာ အဖ ကိုမောင်မောင်နှင့် အမိ မနီနီခိုင်တို့၏ သား အသက် ၄ နှစ်အရွယ် မောင်အောင်နိုင်ဦး ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီခန့်လောက်တွင် စစ်တွေပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ ရွာသားတစ်ဦးက ABN သို့ပြောသည်။

“ဘယ်ရောဂါနဲ့ သေတာကို ဆရာဝန်တွေတောင် အတိကျမသိသေးဘူး၊ ကလေးက အိပ်ရာမဝင်ခင် ကျန်းကျန်းမာမာပဲ ညသန်းခေါင်ယံရောက်တော့ အပူတွေတက်လာပြီး ရုတ်တရက် သတိလစ်သလို ဖြစ်သွားတယ်၊ ဝမ်းလျှော ဝမ်းသွားတာတွေလည်းရှိသလို ရင်ကျပ်တာတွေ လည်းရှိပါတယ်၊ ဆရာဝန်တွေကတော့ ရောဂါရှာလို မရသေးဘူး” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် အမည်မသိရောဂါဖြင့် သေဆုံးဖြစ်သွားခဲ့သည့် မောင်အောင်နိုင်ဦး၏ ရုပ်အလောင်းအား ကျေးရွာသို့ ပြန်လည်ယူဆောင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ၊ဂဏန်းတောင်ကျေးရွာတွင် ဇူလိုင်လ ၁၅ ရက်နေ နေ့လည် ၁ နာရီခွဲခန့်က သွေးလွန်တုပ်ကွေးဖြင့် ၃ တန်းကျောင်းသူ တစ်ဦး သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သဲတော်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် မြတ်လှဲကယ်ဆယ်ရေးစခန်းမှ အသက် ၁ နှစ်အရွယ် ယောက်ကျားလေးတစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၇ ရက်နေ့ ကလည်း မြေပုံမြို့နယ် ညောင်တော ကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်းတစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်က တောင်ကုတ် မြို့နယ်၊ ဖောင်းခါးကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသားတစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

ရခိုင်တွင် မုန်တိုင်းပြီးနောက် တောရော့၊ မြို့ပါ သွေးလွန်တုပ်ကွေး ရောဂါနှင့်တူသော ရောဂါများနှင့် သွေးလွန်တုတ်ကွေးရောဂါများဖြစ်ပွားနေပြီး အထူးသဖြင့် ကလေးများအား ခြင်ကိုက်မခံရအောင် မိဘများအနေဖြင့် အထူးသတိထား ဂရုစိုက်ရန်လိုအပ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနများက သတိပေးမှုများ ရှိနေသည်။

ရောဂါပိုးများ ရှိနိုင်စေသည့် ရေညစ်၊ ရေကြည်၊ ရေကြိုင်များ၊ ရေပုတ်သိုးများတွင် ပေါက်ဖွားသည့် ခြင်များ အကိုက်ခံရခြင်းမှလည်း ဖြစ်ပွားတတ်သည်။

ရခိုင်တွင် သွေးလွန်တုပ်ကွေးနှင့်ဆင်တူသည့် အမည်မသိရောဂါဖြစ်ပွားနေသောကြောင့် ကလေးသူငယ်များ သေဆုံးမှုရှိလာနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ