Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွား၍ သေဆုံးသူရှိလာ

ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွား၍ သေဆုံးသူရှိလာ

ABN-ရှိုင်းမိုး

ဇူလိုင် ၇ရက်

ရခိုင်တွင် ရာသီတုပ်ကွေးလက္ခဏာနှင့်တူသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူရှိလာသည်ဟုသိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပိုများလာကြောင့် ကျန်းမာရေးဌာန၏ဖော်ပြချက်အရသိရသည်။

ရခိုင်တွင်၂၀၂၃ ဇန်နဝါရီလအစပိုင်းမှ ဇွန်လ ၃၀ ရက်နေ့ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀အထိရှိလာသည်ဟုသိရသည်။

ယခု ဇူလိုင်လတွင်လည်း ပေါက်တောမြို့နယ်မှ ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးဖြစ်၍ ပုဏ္ဏားကျွန်းမြို့ဆေးရုံတွင်သေဆုံးသွားခဲ့သည်ဟုသိရသည်။

လက်ရှိဖြစ်ပွားနေသော သွေးလွန်တုပ်ကွေးရောဂါသည် ၁၅နှစ်အောက်ကလေးငယ်များအပါဝင် သက်ကြီးပိုင်းများလည်းဖြစ်ပွားနေကြသည်။

သွေးလွန်တုပ်ကွေး ရောဂါအစလက္ခဏာများမှာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ ကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ဝမ်းနာ၊ ဝမ်းအောင့်ခြင်း၊ ပျို့အန်ခြင်းနှင့် ခန္ဓာကိုယ်အနှံ့ အနီ အကွက်များပေါ်ခြင်း စသည့် ရောဂါလက္ခဏာများဖြစ်ကြောင်းသိရသည်။

မုန်တိုင်းအလွန် ပတ်ဝန်ကျင်ညစ်ညမ်းမှုကြောင့် ခြင်များပေါများကာ သာမန်ရိုးရိုးဖျားနေသူများလည်း တနေ့ထက်တနေ့ပိုများလာသည်ဟုသိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းမှ တဆင့်ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ကလေးငယ်များဖြစ်နေလျှင် ပေါ့ဆနေပါက အသက်သေဆုံးနိုင်သောကြောင့် ရောဂါဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းများသို့ သွားပြကြရန် ကျန်းမာရေးဌာနက အသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ