Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် သီဟိုဠ်စေ့ ဈေးကောင်းရသော်လည်း အထွက်နှုန်းကျဆင်း

ရခိုင်တွင် သီဟိုဠ်စေ့ ဈေးကောင်းရသော်လည်း အထွက်နှုန်းကျဆင်း

ABN-မေအိအိအောင်

ရခိုင်တွင် ယခုနှစ် သီဟိုဠ်စေ့ ရောင်းဈေးမှာ ယခင်နှစ်များထက် ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်းသဖြင့် အမြတ်အစွန်းနည်းကြောင်း သီဟိုဠ်စိုက်ပျိုးသူများကပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ်က သီဟိုဠ်စေ့ဈေးမှာ ၁ ပိဿလျှင် ၃၂၀၀ ၊ ၃၃၀၀ ကျပ်သာရရှိခဲ့ပြီး ယခုနှစ် သီဟိုဠ်စေ့ ဈေးမှာ တစ်ပိဿာလျှင် ၄၅၀၀၊ ၄၇ဝဝ အထိဈေးရရှိကြောင်းသိရသည်။

ပြီးခဲ့သည်နှစ်ထက် သီဟိုစေ့ဈေးပိုရသော်လည်း သီဟိုဠ်ပွင့် ပွင့်ချိန်အတွင်း မိုးရွာသွန်းခဲ့သောကြောင့် အပွင့်များပျက်စီးကာ သီဟိုဠ်အသီးသီးနှုန်းကျဆင်းကြောင်း ကျောက်ဖြူမှ သီဟိုဠ်စိုက်ပျိုးသူ တစ်ဦးက ABN ကိုပြောသည်။

“ယခင်နှစ်ထက်စာရင်တော့ ဈေးပိုရပါတယ်။ အထွက်နှုန်းကတော့မကောင်းပါဘူး။ သီဟိုဠ်ပွင့်တွေပွင့်ချိန်မိုးရွာခဲ့တော့ အပွင့်တွေပျက်စီးတယ်။ အဲ့တာကြောင့် အသီးသီးနှုန်းက အယင်နှစ်ထက်စာလို့ရှိရင် လျော့ပါတယ်” ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့်နှစ်က သီဟိုဠ်စိုက်ခင်း ပိုင်ရှင်တစ်ဦးလျှင် ပိဿာ ၂၀၀ မှ ၃၀၀အထိရရှိပြီး ယခုနှစ်တွင်မူ ပိဿာ ၁၀၀၊ ၅၀ ခန့်တောင်မရရှိကြောင်း သူကဆက်ပြောသည်။

“ပြီးခဲ့တဲ့နှစ်က သီးဟိုဠ်စေ့ ပိဿာ ၂၀၀ ကနေ ၃၀၀ အထိရကြပါတယ်။ ဒီနှစ်ကတော့ ပိဿာ ၁၀၀၊ ၅၀ တောင်မပြည့်ကြပါဘူး။ အပျက်အစီးတွေများပါတယ်” ဟုပြောသည်။

သီဟိုဠ်စေ့များကို သီးဟိုဠ်စေ့ရောင်းဝယ်သူများက ယခင်နှစ်ထက် ဈေးပိုပေးပြီး ဝယ်ရကြောင်းနှင့် ဝယ်ယူထားသည့် သီဟိုဠ်စေ့များကို ပြည်မ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ထားဝယ် ဖက်သို့ ပို့ဆောင်ရောင်ချကြောင်း အမ်းမှ ရွှေစင် သီဟိုဠ်စေ့ ရောင်းဝယ်သည့် ပိုင်ရှင်က ABN ကိုပြောသည်။

“သီဟိုဠ်စေ့ တစ်ပိဿာကို ၄၅၀၀ ၊ ၄၇၀၀ ပေးပြီးဝယ်ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁ပိဿာကို ၃၂၀၀၊ ၃၅၀၀ ပေါ့။ ဝယ်ထားတဲ့ သီဟိုဠ်စေ့တွေကိုတော့ ရန်ကုန်၊ ထားဝယ် ဖက်ကို ပို့ပါတယ်” ဟု ပြောသည်။

သီဟိုဠ်စေ့များမှာ အရွယ်အစားအလိုက် ဈေးပေးဝယ်ရပြီ အရွယ်အစားငယ်လျှင် ၁ ပိဿာကို ၃၃၀၀၊ ၃၄၀၀ နှင့် ကြီးလျှင် ၁ ပိဿာကို ၄၃၀၀၊ ၄၅၀၀ ပေးရကြောင်းနှင့် သီဟိုဠ်စေ့များကို အမ်း၊ ကျောက်ဖြူ ရမ်းဗြဲ နှင့် မင်းပြားဘက်မှ လာရောက်ပို့ကြောင်း မေတ္တာစုံ သီဟိုဠ်စေ့ ရောင်းဝယ်ရေး ပိုင်ရှင် ဦးကျော်သန်းနိုင်ကပြောသည်။

“သီဟိုဠ်စေ့တွေကတော့ အရွယ်အစားကြည့်ပြီး ဈေးပေးရပါတယ်။ အရွယ်အစားငယ်နေရင်တော့ တစ်ပ်ိဿာကို ၃၃၀၀၊ ၃၄၀၀ ပေးရတယ်။ အကြီးဆိုရင်တော့ ၄၃၀၀၊ ၄၅၀၀ ပေးပြီးဝယ်ပါတယ်။ မင်းပြား၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ ဘက်ကလာပို့ကြပါတယ်” ဟုဆိုသည်။

ရခိုင်တွင် သီဟိုဠ်စိုက်ပျိုးရေးလုပ်ငန်းကို အမ်း၊ ကျောက်ဖြူ ၊ ရမ်းဗြဲ၊ မင်းပြား၊ ဂွ၊ သံတွဲနှင့် မြေပုံတို့တွင် ပိုမိုလုပ်ကိုင်ကြသည်။

သီဟိုဠ်ပင်များသည် အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်မျိုးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။